𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎ (13)

3.2K 104 8
                                        

Unicode & ZawGyi

𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎

ကိုယ့်ရဲ့ ဗီလိန်နတ်သမီး🧚💖(၁၃)

လပြည့်ဝန်းမေ၊ တာရာလင်းညို၊
ကမ္ဘာမိုးယံ၊ သူရိန်ထက် တို့လေးယောက်လုံး အားကစားခန်းမထဲမှအသည်းအသန်
ပြေးထွက်လာပြီးနောက်
တစ်နေရာအရောက်တွင် အမောစို့‌ကာ
‌တဟောဟောဖြင့် အနားယူမိကြသည်။

တကယ့်ကို မာရသွန်ပြေးပွဲထဲက
ပြေးလာကြတဲ့ သူတွေလို လေးယောက်လုံး
ချွေးတွေရွဲနေပြီး တဟူးဟူးဖြင့် လေမှုတ်ကြသေးသည်။

"အဟွန်း...ဟားဟား...ဟားဟား...ဟားဟား!"

မောနေကြတဲ့ ကြားထဲမှ ရုတ်တရက်ထရီတဲ့
ယံယံကြောင့် လဝန်း၊ တာရာ၊ သူရိန်တို့ဟာ
ယံယံ့ကို အူကြောင်ကြောင်ဖြင့် ကြည့်မိသည်။

"ဟားဟား....ဟားဟား!!!"

ယံယံဟာ ဗိုက်ကိုဖိပြီး တဟားဟားဖြင့်
အားရပါးရ ရယ်လာကာ လဝန်းကိုလည်း
လက်ညိုးတထိုးထိုးဖြင့်....

"ဘာဖြစ်လို့ရီနေတာလည်း?"

ယံယံရဲ့ ခပ်ကျယ်ကျယ်ရယ်သံကြောင့်
မောပန်းတဲ့အရာတောင် ဘယ်ရောက်သွားမှန်း
လဝန်း မသိပါ။

"အဟက်! ဟားဟား!! ဟားဟား!"

ဗိုက်ကိုဖိပြီး ‌ရယ်ဘဲရယ်နေတဲ့
ကမ္ဘာမိုးယံကြောင့် လဝန်းတကယ်ကို
ဘာကြောင့် ရယ်နေလည်းဆိုတဲ့
အကြောင်းအရင်းကို တကယ်ဘဲ
သိချင်လာသည်။

"လဝန်း....နင်လေ...နင်လေ....ဟားဟား!!"

"ဟ! ရီဘဲရီမနေနဲ့ ၊ ဘာလို့ရယ်တာလည်း
ပြောဦးလေ"

"အေးလေ...ယံယံကလည်း"

တာရာလင်းညို ကပါ ဝင်ပြောသည်။
သူရိန်ထက်ဟာလည်း ရယ်ဘဲရယ်နေတဲ့
ကမ္ဘာမိုးယံကို မျက်ခုံးပင့်ကာ ကြည့်နေသည်။

"ပြောပါဆိုဟာ...ရယ်ဘဲရယ်နေတယ်"

"ခဏ...ခဏ...ပြောမယ်....အဟွန်း!
ဟားဟား! ဟားဟား!"

"ဟာ....!"

"နင်လေ... နင်လေ... သူရိန်ထက်လက်ကို
တက်နင်းထားတဲ့ ဟိုကောင်ရဲ့ မျက်နှာကို
Chemistry ဆရာရဲ့ စာရင်းစာအုပ်ကြီးနဲ့
တဘုန်းဘုန်း ပိတ်ရိုက်တာကို မြင်ပြီး
ရီချင်လာလို့....ဟားဟား! ဟားဟား!!"

𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)Donde viven las historias. Descúbrelo ahora