𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎ (4)

2.5K 95 8
                                    

Unicode & ZawGyi

            𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎

       ကိုယ့်ရဲ့ ဗီလိန်နတ်သမီး🧚(၄)
  
ဘော်ဒါဆောင်ပါတူကြတဲ့ သူငယ်ချင်း
သုံးယောက်ကတော့ လဝန်း၊တာရာနဲ့ယံယံ။
ဘော်ဒါဆောင်သာ တူကြပေမယ့်
လဝန်းနဲ့ယံယံက အခေါ်‌အပြောရှ်ိသလောက်
တာရာနဲ့လဝန်းကတော့ ‌စကားမပြောဖြစ်တာ
စာမေးပွဲ လဝက်ပင် ရှိပေပြီ။

ညနေဘက် စာကျက်ပြီးသွားတော့ ယံယံက
လက်ဖက်သုပ်စားချင်တယ်ဟု ပြောလာတာကြောင့် လဝန်းနဲ့ယံယံဟာ ဘော်ဒါဆောင်မှ
ခိုးထွက်ပြီး လက်ဖက်သုပ် သွားဝယ်သည်။

"လဝန်း ငါတို့စာမေးပွဲ လဝက်‌မဖြေခင်
အားရှိအောင်လို့ အစားစားပြီး အားမွေးထားရမယ်"

"အင်းဟုတ်တယ်....အားမွေးထားရမယ်"

"ဒါနဲ့ နင်စာမေးပွဲလဝက်ပြီးရင် နင့်အိမ်ကို
ခဏပြန်မှာလား?"

"ပြန်ရမှာပေါ့..."

လဝန်းလက်မောင်းလေးကို တွဲခိုပြီး
မေးလာတဲ့ ယံယံ့ကို ကြည့်ရင်း လဝန်းလည်း
သူမလို မေးခွန်းတစ်ခု ပြန်မေးမိသည်။

"နင်ရော...ပြန်မှာမလား?"

"ငါ့မိဘတွေက အလုပ်တအားရှုပ်တာဟ...၊
တကယ်လို့ ငါပြန်သွားရင်တောင် ထမင်းလက်ဆုံ စားဖို့ကို စစ်ဖြစ်နေတဲ့ အတိုင်းဘဲ"

ယံယံ ပြောတာကို လဝန်း နားလည်ပါသည်။
ယံယံ့မိဘတွေက အသိုင်းအဝိုင်းကြီးထဲက
ဖြစ်ကြပေမယ့် သာမန်လူတွေလို နေထိုင်ကာ
ယံယံ့ကိုလည်း သာမန်အစိုးရကျောင်းထား၏။
သို့ပေမယ့် စီးပွားရေးကိုတော့ မဲလုပ်ကာ
ယံယံတို့ မိသားစုသုံးယောက် ထမင်းလက်ဆုံ
စားဖို့ရေးမှာ အလွန်ခက်ခဲသည်ဟု ယံယံက
ပြောဖူးသည်။ သို့ပေမယ့်လည်း ယံယံ့ကို
သူမ မိဘတွေက လိုလေသေးမရှိအောင်
ထားပေမယ့် တစ်ကောင်ကြွက်လေး ယံယံကတော့ အထီးကျန်ရှာသည်။

လဝန်းဘော်ဒါဆောင် တက်တော့
ယံယံကပါ လိုက်တက်သည်။
၁၂ တန်းစာမေးပွဲအတွက် ၁၀တန်းမှာ
အခြေခံ ပိုင်ဖို့ လိုအပ်သည်မလား?

သို့ပေမယ့် လဝန်းနဲ့ ယံယံက
တစ်ကောင်ကြွက်ချင်းဆိုတာ တူကြပေမယ့်
လဝန်းမှာ ညီမတစ်ယောက် ရှိတယ်ဆိုတာကို
ယံယံရော တာရာပါ သိသွားချေပြီ။

𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)Wo Geschichten leben. Entdecke jetzt