Unicode & ZawGyi
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎
ကိုယ့်ရဲ့ ဗီလိန်နတ်သမီး 💖(၂၇)
"သား အားရင် မာမီ့ဆီလာခဲ့ပါမယ်"
သူရိန်ထက် ကားမောင်းနေရင်းမှ
လက်တစ်ဖက်က ဖုန်းပြောမိသည်။
သူ့ရဲ့မာမီ ဒေါ်နှင်းဆီမိုးဟာ သူ့ကို
လွမ်းနေကြောင်း ဖုန်းထဲမှ ပြောနေမိသည်။
"သား ဘေးနားမှာ လဝန်းရှိတယ်၊
လဝန်းနဲ့ ဖုန်းပြောဦးမလား မာမီ"
သူရိန်ထက်ဟာ ဖုန်းစပီကာဖွင့်လိုက်ပြီး
လဝန်းနဲ့သူ့အမေနဲ့ ဖုန်းပြောစေသည်။
"အန်တီ...."
"လဝန်းသမီးလေး...."
"ဟုတ်...ပြောပါ အန်တီ"
"အန်တီ့သားလေးနဲ့ ဘယ်အချိန် လာလည်မှာလည်း?"
"ဟို လဝန်းအချိန်ရတဲ့ တစ်နေ့ အန်တီ့ဆီ
လာလည်ပါ့မယ်နော်"
"လာလည်ရင်တော့ ချွေးမအဖြစ်နဲ့
လာလည်စေချင်တာ..."
သူရိန်မာမီရဲ့စကားကြောင့် လဝန်းပါးလေး
နှစ်ဖက်ဟာ ပန်းရောင်လေးသန်းသွားရသည်။
သူရိန့်ကို ကြည့်မိတော့ သူက
ကားမောင်းရင်းမှ ပြုံးဖြီးနေလေသည်။
"ဟင်းဟင်း...."
လဝန်းရှက်ရှက်ဖြင့် ခေါင်းလေးကုတ်ကာ
ရယ်မိသည်။
"အဲ့နေ့ကို အန်တီစောင့်မျှော်နေမယ်နော်
သမီးလေး"
လဝန်း ဘာပြန်ပြောရမှန်း မသိတာကြောင့်
အသံတိတ်နေမိသည်။ ထို့ကြောင့် သူရိန့်ကို
လက်တို့အကူအညီတောင်းကာ လဝန်းအစား
သူပြောပေးဖို့ အကူအညီတောင်းလိုက်သည်။
"မာမီရေ.....မာမီ့ချွေးမလောင်းလေးက
ရှက်နေတယ်"
သူရိန်ဟာ စပ်ဖြီးဖြီးနဲ့ပြောတော့
လဝန်းကို အောက်နှုတ်ခမ်းလေးကိုက်ကာ
သူရိန့်ကို မျက်စောင်းထိုးပြလိုက်သည်။
"ဟုတ်ပြီ...ဟုတ်ပြီ ဒါဆို မာမီဖုန်းချလိုက်မယ်နော် သားရေ..."
သားအမိနှစ်ယောက်က အတိုင်အဖောက်ညီစွာ
လဝန်းကို စနောက်နေကြသည်မို့ လဝန်း
နေရခက်သလို မျက်နှာလေးလည်း အနည်းငယ်
ဆူပုတ်မိသည်။ ဒါကို သဘောပေါက်တဲ့
သူရိန်ဟာ လဝန်းကို ကြည့်ရင်း ခေါင်းခါမိသည်။
ВЫ ЧИТАЕТЕ
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)
Любовные романыလူတိုင်းမှာ ပုံပြင်တစ်ပုဒ်ကိုယ်စီ ရှိကြတယ်... နတ်သမီးပုံပြင် ဒါမှမဟုတ် ဗီလိန်ပုံပြင်ပေါ့? ဒါပေမယ့်..... ကျနော်ချစ်ရတဲ့ နတ်သမီးလေးက ဗီလိန် အဖြစ်နဲ့ဟန်ဆောင်ထားခဲ့တဲ့ ကျနော့်ရဲ့" La Won"..... Nay Swan Mahar ( SUN☄️)
