Unicode & ZawGyi
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎
ကိုယ့်ရဲ့ ဗီလိန်နတ်သမီး 💖(၁၆)
"မာမီ သားကို ဒီတစ်လစာမု့န်ဖိုးပေးဦး"
သူရိန်ထက် ကျောင်းသွားခါနီး စာအုပ်တွေကို
အထဲထည့်ကာ သူ့အခန်းထဲသို့ ဝင်လာတဲ့
မာမီအား မုန့်ဖိုးလှမ်းတောင်းနေမိသည်။
"သားကိုဘဲ ဟိုအပတ်က တစ်လစာ
မုန့်ဖိုး ပေးပြီးပြီလေ"
"သား သူငယ်ချင်းအသစ်တွေရလို့
သူတို့ကို မုန့်ဝယ်ကျွေးလိုက်တာ ၅သောင်းခွဲ
ကုန်သွားတယ် မာမီ"
"ဟင်...ဟုတ်လား? သားရတဲ့ သူငယ်ချင်းတွေက
ပိုက်ဆံရှိတဲ့ အသိုင်းအဝန်းထဲကဘဲလား?"
ပိုက်ဆံရှိတဲ့ အသိုင်းအဝန်းထဲကဆိုရင်
သားပိုပြီးတော့တောင် ကောင်းတဲ့ဆိုင်မှာ
ဝယ်ကျွေးရမှာလေ..., ငါ့သားလေးကို
အမေ မျက်နှာ မငယ်စေချင်ဘူး"
ဒေါ်နှင်းဆီမိုး ဟာ သူမရဲ့သားသူရိန်ထက်ကို
ဆေးလိပ်သောက်နေရင်းမှ ပြောလိုက်သည်။
"အခု သားရတဲ့ သူငယ်ချင်းတွေက
ပိုက်ဆံရှိလား မရှိလား စိတ်မဝင်စားဘူး၊
အခု သားသိတာက သူတို့နဲ့ ခဏလေး
ရှိရင်တောင် သားပျော်တယ်"
သားဖြစ်သူဟာ ပြုံးပျော်ရွှင်စွာဖြင့်
လွတ်လပ်ပေါ့ပါးစွာ ပြောလာသည်မို့
ဒေါ်နှင်းဆီမိုးဟာ သောက်လက်စ
ဆေးလိပ်တိုကို နှုတ်ခမ်းထက်မှ
ခွာလိုက်ပြီး သားဖြစ်သူ အနားသွားကာ....
"ငါ့သားဒီတစ်ခါပေါင်းတဲ့ သူငယ်ချင်းတွေက
အရင်ပေါင်းတဲ့ သူငယ်ချင်းတွေနဲ့ မတူဘူးလို့
မာမီ ခံစားမိတယ်"
"ဟုတ်တယ်...မာမီ၊ သူတို့က ခင်ဖို့ကောင်းတယ်"
"သူတို့က သားအဖေနဲ့အမေ ဘာတွေလုပ်လည်း
မေးကြသေးလား?
ဟိုလေ...တကယ်လို့ မေးလာရင်
မင်းမာမီ ဘာအလုပ်လုပ်လို့ ဒီလိုကျောင်းမျိုးတက်နိုင်လည်းမေးရင်လေ ...."
"မာမီ...."
သူရိန်ထက်ဟာ ရှေ့ဆက်ပြောလာမယ့်
မာမီ့ရဲ့ ဓာတ်ပြားဟောင်းတွေအကြောင်းကို
သိတာမို့ "မာမီ"ဟုခေါ်လိုက်သည်။
DU LIEST GERADE
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)
Romantikလူတိုင်းမှာ ပုံပြင်တစ်ပုဒ်ကိုယ်စီ ရှိကြတယ်... နတ်သမီးပုံပြင် ဒါမှမဟုတ် ဗီလိန်ပုံပြင်ပေါ့? ဒါပေမယ့်..... ကျနော်ချစ်ရတဲ့ နတ်သမီးလေးက ဗီလိန် အဖြစ်နဲ့ဟန်ဆောင်ထားခဲ့တဲ့ ကျနော့်ရဲ့" La Won"..... Nay Swan Mahar ( SUN☄️)
