𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎ (32)

4.3K 170 5
                                    

Unicode & ZawGyi

𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎

ကိုယ့်ရဲ့ ဗီလိန်နတ်သမီး 💖(၃၂)

ကိုကို့ပုံစံကိုက လွန်စွာကိုမှ စိတ်တိုနေသယောင်။
လဝန်းလက်ကို ဆွဲကိုင်ကာ ဟိုတယ်မှ ထွက်လာသည်အထိ ကိုကို့အသက်ရှူသံပြင်းပြင်းက
လဝန်းနားထဲက မထွက်။

"ပြော...ကိုကို့ကိုကျတော့ ပက်ခနဲ ပက်ခနဲ
ပြန်ပြောဖို့သိပြီး တစ်ခြားသူတွေကို‌ကျတော့
ဘာလို့ ထုံထုံအအနဲ့ ဘာမှပြန်မပြောဘဲ
ဘာလို့ ငြိမ်ခံနေတာလည်း"

ကိုကိုဟာ သူ့ကားနားရောက်တော့
လဝန်းဘက်လှည့်ကာ တရှူးရှူးတရှဲရှဲဖြင့်
မှုန်သုတ်နေတဲ့ မျက်နှာကြီးဖြင့် ဆိုလာသည်။

"လဝန်း ရှင်းပြလည်း သူတို့က နားလည်ပေးမှာမှ
မဟုတ်တာ , အဲ့တော့ လဝန်းက လေကုန်ပြီး
ပြောတာဘဲရှိမယ် သူတို့က လဝန်းကို
အဖက်လုပ်မှာ မဟုတ်ဘူး"

လဝန်းဟာ ကိုကို့ကို လက်ပိုက်ပြီး ဆိုလိုက်သည်။

"အခုလောက်ဆိုရင် လဝန်းက နာမည်ပျက်နဲ့
မိန်းမတစ်ယောက် ဖြစ်နေလောက်ပြီ
ကိုကို့အတွက်နဲ့ အဆင်ပြေပါ့မလား?
ညီမ ဖြစ်သူရဲ့သတို့သားလောင်းကို
စနိုက်ကျော်သွားတဲ့ အစ်မဆိုပြီး လိုင်းပေါ်မှာ
ဂယက်ထနေလောက်ပြီ အဲ့ဒီ့အတွက်
ကိုကို အဆင်ပြေပါ့မလား?"

လဝန်းဟာ ကိုကို့ကို မျက်လုံးများ မှေးစင်းပြီး
အကဲခတ်ကာ မေးလိုက်တော့ ကိုကိုက
လဝန်းကို မျက်ခုံးကျုံ့ကာ ခါးထောက်ပြီး
ကြည့်လာသည်။

"ကိုယ့်ကြောင့် ဖြစ်ခဲ့တဲ့ ကိစ္စမှာ
မင်းသိက္ခာကျဆင်းသွားတာလေ
အဲ့ဒါကို ဘယ်လိုလုပ်ပြီး ကိုကို့ကို ဒီလိုမျိုး
မေးရက်ရတာလည်း"

"လဝန်းအတွက်ကြောင့်နဲ့ ကိုကို့စီးပွားရေး
ကိုကို့ဂုဏ်ပုဒ်၊ ကိုကိုတို့ရဲ့ နေဗိမာန်စံအိမ်
စီးပွားကျသွားမှာစိုးလို့ပါ"

"တော်စမ်း!"

ကိုကိုဟာ လဝန်းကို ပိတ်ဟောက်လိုက်တာကြောင့် လဝန်းဟာ လက်ပိုက်လျက်အနေအထားမှ
ဖြုတ်လိုက်ပြီး ကိုကို့ကို
နားမလည်နိုင်စွာ ကြည့်မိသည်။

𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)Nơi câu chuyện tồn tại. Hãy khám phá bây giờ