𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎ (24)

3.9K 135 13
                                        

Unicode & ZawGyi

𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎

ကိုယ့်ရဲ့ ဗီလိန်နတ်သမီး 💖(၂၄)

"တွေ့ရတာဝမ်းသာပါတယ် ကိုကို..."

"လဝန်း..."

အများကြီးပြောင်းလဲသွားတဲ့ သူမပုံစံကို
နေစွမ်း ခေါင်းစခြေဆုံး ကြည့်နေမိသည်။
သူမဟာ အရင်ကနဲ့ မတူဘဲ ဝတ်စားထားပုံအရ
ထက်မြတ်ရဲရင့်သည့် မိန်းမငယ်လေး
တစ်ယောက်လိုပင်။

"လဝန်းနဲ့ မတွေ့ရတာ ၂ နှစ်လောက်
ရှိပြီနဲ့တူတယ်နော်"

"အင်း...အဲ့လောက်ရှိပြီနဲ့တူတယ်"

"ဒါနဲ့ ကိုကိုက အရင်လိုချောမောနေဆဲဘဲနော်"

လွန်ခဲ့တဲ့ ၅ နှစ်တုန်းက သူမဟာ သူ့ကို
အကိုဟုသာ ခေါ်ဝေါ်ခဲ့သည်။
၁၂ တန်းကို ၃ဘာသာဂုဏ်ထူးနဲ့ အောင်တယ်ဟု
သိပြီးနောက် တက္ကသိုလ်မှာ ဘွဲ့ရပြီး
နိုင်ငံခြားကို ခေတ္တထွက်သွားတယ်ဆိုသည့်
သတင်းဟာ နောက်ဆုံးဖြစ်ပြီး အဲ့နောက်ပိုင်း
သူမနဲ့ မတွေ့ခဲ့သည်မှာ အတော်ကြာပါပြီ။

နေစွမ်းတကယ်ဆိုရင် သူမအကြောင်းကို
ဘာလုပ်နေလည်း သိချင်လို့ မို့ရ်ကို
မေးလိုက်တိုင်း မိုရ်က မသိဘူးဟုဘဲ
ပြောသည်။

"ဒါနဲ့ ကိုကို့ကားက မောင်းလို့ အဆင်ပြေပါ့မလား?"

"အင်း...ပြေပါတယ်"

"လဝန်းပြန်ပြင်ပေးပါ့မယ်၊
ကိုကို့ဖုန်းနံပါတ် ပေးလေ"

လဝန်းဟာ သူမဖုန်းကို ကိုကို့ဆီပေးလိုက်ပြီး
ဖုန်းနံပါတ် ရိုက်‌ပေးဖို့ ပြောလိုက်သည်။

နေစွမ်းဟာ သူ့ဖုန်းနံပါတ်ကို သူမ ဖုန်းထဲ
ရိုက်ပေးပြီးနောက် သူမကို ပြန်ပေးလိုက်သည်။

"ဒါဆို လဝန်းအားတဲ့အချိန် ပြန်ဆက်သွယ်လိုက်မယ်နော်"

"အင်း"

"ဪ...ဒါနဲ့ ညကျရင် ကိုကိုအားလား?"

"အားတယ်လေ...ဘာဖြစ်လို့လည်း?"

"လဝန်းနဲ့ အတူတူ Dinner စားနိုင်မလား?"

"ရပါတယ်"

"အဲ့ဒါဆို လဝန်း ဆိုင်ရဲ့တည်နေရာကို
ပို့ထားလိုက်မယ်နော်"

𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)Место, где живут истории. Откройте их для себя