Unicode & ZawGyi
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎
ကိုယ့်ရဲ့ ဗီလိန်နတ်သမီး....(2)
မိုရ်နဲ့ကြက်တောင်ရိုက်နေတဲ့ အဖေ့ကို
ကြည့်ပြီး လဝန်းပြုံးပြလိုက်ပေမယ့်လည်း
အဖေဟာ သူမကို ဟန်ဆောင်ပန်ဆောင်ပြီး
ပြုံးလို့သာ မပြ။"ဟဲ့! မြန်မြန်လာလေ! ဘာလုပ်နေတာလည်း"
ဖြူမအသံကြောင့် လဝန်း ခပ်ကုတ်ကုတ်လေး
ဖြင့် လိုက်ပါလာခဲ့ရသည်။နောက်ဆုံး ခြေစုံရပ်လိုက်သည့်အခန်းက မေမေလေးအခန်းဖြစ်နေသည်။"နင်အခု သခင်မ အခန်းကိုဝင်သွားရုံဘဲ"
လဝန်း မေမေလေးအခန်းရှေ့ကိုရောက်တော့
ဝင်ဖို့တွန့်ဆုတ်နေမိသည်။ထို့နောက် ရဲတင်းသည့်စိတ်ဖြင့် မွေးလိုက်ကာ အခန်းတံခါးလက်ကိုင်ကို ဖွင့်ပြီး ဝင်လာခဲ့သည်။"ရောက်ပြီဆိုတော့ ငါမင်းကိုပြောစရာရှိတယ်
လပြည့်ဝန်းမေ""ဟုတ်...ပြောပါ"
"မင်းကတကယ်တမ်း အပြစ်ပေးမှ
ကြောက်တတ်တဲ့စိတ်ရှိပေမယ့်
တကယ်တမ်း မင်းမှာ ပြောရဲဆိုရဲတဲ့စိတ်ရှ်ိတာကို
လည်း ငါသိတယ်;အခု ငါမင်းကိုခေါ်ခိုင်းလိုက်တဲ့ အကြောင်းအရင်းက မင်းကို Dinner ပွဲတစ်ခု
ခေါ်သွားဖို့ဘဲ....""လဝန်းဒီနေ့ သွားစရာရှိတယ်"
"နေစွမ်းမဟာဆီကိုလား?"
ကိုကို့ကိုသိနေတဲ့ မေမေလေးကြောင့်
လဝန်း အံ့အားသင့်မိသည်။"မင်းသူငယ်ချင်း တာရာလင်းညိုဆိုတဲ့
ကောင်လေးက ဒီနေ့မင်းကို အဲ့ဒီ့ကိုသွားဖို့
လာခေါ်တယ်; သူနဲ့ဦးမင်းမဟာမြတ်ရဲ့
တစ်ဦးတည်းသော သားဖြစ်တဲ့ နေစွမ်းမဟာနဲ့က
ညီအစ်ကိုတွေလိုဘဲတဲ့...အဲ့ဒါဟုတ်လား?""ဟုတ်တယ်...သူတို့တွေက ဟိုးငယ်ငယ်လေးကတည်းက အတူနေလာကြတာ; နောက်တော့
ကိုကိုနဲ့ ကွဲသွားသေးတယ်၊ ပြီးတော့
ကိုကိုပြန်ပေါ်လာတော့ အဆက်အသွယ်ပြန်ရလာတယ်""ကိုကို? ဟုတ်လား? ကြည့်ရတာ
မင်းက သူတို့အကြောင်းကို အဲ့လောက်ထိ
ထဲထဲဝင်ဝင် သိနေမယ်လို့ ငါမထင်ထားဘူး"
YOU ARE READING
𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)
Romanceလူတိုင်းမှာ ပုံပြင်တစ်ပုဒ်ကိုယ်စီ ရှိကြတယ်... နတ်သမီးပုံပြင် ဒါမှမဟုတ် ဗီလိန်ပုံပြင်ပေါ့? ဒါပေမယ့်..... ကျနော်ချစ်ရတဲ့ နတ်သမီးလေးက ဗီလိန် အဖြစ်နဲ့ဟန်ဆောင်ထားခဲ့တဲ့ ကျနော့်ရဲ့" La Won"..... Nay Swan Mahar ( SUN☄️)