𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎ (20)

3.7K 127 10
                                        

Unicode & ZawGyi

𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎

ကိုယ့်ရဲ့ ဗီလိန်နတ်သမီး 💖(၂၀)

ရှိုးနဲ့မိုးနဲ့ပြင်ဆင်ပြီး အိမ်ကြီးထဲမှအတူတူ
ထွက်လာခဲ့ကြတဲ့ သူငယ်ချင်းသုံးယောက်။
သူတို့သုံးယောက်လုံးထဲမှ အတက်ကြွဆုံးသူကတော့ ကမ္ဘာမိုးယံဆိုသည့် ကောင်မလေး
ဖြစ်သည်။

"ဟဲ့...ငြိမ်ငြိမ်လေး လမ်းလျှောက်လေ"

"အေးလေ...နင့်ကြည့်ရတာ ယောက်ယက်ခတ်နေတာဘဲ"

"နင်တို့ဘာသိလည်း? ငါ့ထိုင်း-မြန်မာမင်းသားလေးနဲ့ တွေ့ရတော့မှာမို့ so happy ဖြစ်နေတာလေ"

"ရူးနေပြီ...သွက်သွက်ခါအောင် ရူးနေပြီ"

တာရာဟာ ယံယံ့ကိုကြည့်ပြီး ခေါင်းတခါခါနဲ့
ပြောမိသည်။

"Fan Girl life ကအေးချမ်းတယ်ဟဲ့
ကိုယ့် Idolကို တကယ်ချစ်ရင် သူများ Idol
ကိုလည်း မဝေဖန်ရဘူး၊
ကိုယ့် Idol ကောင်းကြောင်း များများပြောရတယ်၊ သူများနိုင်ငံက Idol တွေကလေ
ကြီးကြီးကျယ်ကျယ် စကားမပြောဘူး၊
ငါတို့နိုင်ငံက တက်သစ်စ idol တွေကတော့
မနေ့ကမှ သီချင်း တစ်ပုဒ်နှစ်ပုဒ်ထဆိုပြီးတော့ကြီးကြီးကျယ်ကျယ်တွေ ဇွတ်ပြော‌နေတာ"

"အေးပါဟယ်...ညည်းကိုအရှုံးပေးပါတယ်"

"တာရာနော်...ငါ့ကိုညည်း ညည်းနဲ့,
ဘာလည်း နင်ဂေးနေတာလား?"

"ငါလည်း ဂေးလား မဂေးလား ပြလိုက်လို့ရ"

"ဟင်!"

"ဟာ...မင်းတို့ကလည်း တော်တော့
ငါနားငြီးလာပြီ"

လဝန်းအိမ်သို့ လမ်းလျှောက်ပြီး
အတူတူလာကြတဲ့ သူငယ်ချင်းသုံးယောက်ထဲမှ
သူရိန်ထက်က တော်တော့ဟုပြောလိုက်တော့မှ
နှစ်ယောက်သား စကားပြောတာ ရပ်သွားသည်။

"လဝန်းအိမ်က ရောက်တော့မှာလား?"

"ဟိုမှာလေ...."

တာရာက လက်ညိုးထိုးကာပြလိုက်တော့
သူရိန်ရော ယံယံပါ မျက်လုံးပြူးသွားကြသည်။

"အဲ့ဒါ လဝန်းအိမ်လား!"

"ဟုတ်တယ်လေ...ဘာဖြစ်လို့လည်း?
မဟုတ်မှ မင်းတို့လဝန်းအိမ်ကို မြင်မြင်ချင်း
အံ့ဩသွားတာလား?"

𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)Место, где живут истории. Откройте их для себя