𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎ (23)

3.9K 126 17
                                        

Unicode & ZawGyi

𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎☾︎☾︎

ကိုယ့်ရဲ့ ဗီလိန်နတ်သမီး 💖(၂၃)

🎶 စကားလုံးရဲ့အဆုံးမှာဟာ
မင်းလေးမျက်ရည်ပျို ...
နာကျင်စွာနဲ့လမ်းခွဲခြင်းကို ရွေး...
ကမ္ဘာတူနေလည်း ချစ်ဖို့ မဖြစ်နိုင်သေး...
မချစ်လို့မှ မဟုတ်တာကို မင်းလည်းသိမယ်လို့ဝန်ခံချင်ရက် ဖွင့်ဟခွင့်တောင် မရခဲ့
ပိုင်ဆိုင်ချင်ရက် စွန့်လွှတ်လိုက်တာ
ငါ့အမှားဘဲ🎶

ကားထဲမှာ လဝန်းကြိုက်တဲ့ Double Jရဲ့
သီချင်းကို သူရိန်ဟာ ဖွင့်ပေးထားမိသည်။
လဝန်းဟာ အဲကွန်းအလုံပိတ်ကားထဲမှာ
မူးမူးဖြင့် သီချင်းအကျယ်ကြီး အော်ဆိုနေပြီး
ကားမောင်းနေတဲ့ သူရိန်ကိုလည်း
အမူးသမားပြုံးပြုံးကာ ကြည့်ပြီး
ဆိုညည်းနေသည်။

🎶ရူးရူးမိုက်မိုက် ဒို့စွဲလမ်းကြတယ်
အချစ်တစ်ခုအောက်မှာ ကျရှုံးခဲ့ရတယ်
ငါနင့်ကိုဘာကြောင့်များ ချစ်မိသွားလည်း
ငါနဲ့နင်နဲ့ဘာကြောင့် ချစ်ခဲ့ကြလည်း
အေးတိအေးစက် မင်းအပြုံးများနောက်ကွယ်
မပြောဖြစ်ခဲ့တဲ့ စကားလုံးများကြောင့်ရယ်
ငါနဲ့နင်နဲ့ ဘာကြောင့် ဝေးခဲ့ရ...
ငါနဲ့နင်နဲ့ ဘာကြောင့် ဝေးခဲ့ရလည်း...🎶

ထိုအပိုဒ်တွေတော့ အမူးသမားလေး
လဝန်းနဲ့အတူတူ သူရိန်ပါလိုက်ယောင်ပြီး
ဆိုညည်းပေးရှာသည်။

"ဟွန်း...နင့်အသံဆိုးကြီးနဲ့ မဆိုစမ်းပါနဲ့
သူရိန်ရာ"

"အဟွန်း...."

"ရယ်မနေနဲ့ နင့်အသံက တကယ်နားထောင်လို့
ကောင်းတဲ့အထဲမှာ မပါဘူး"

"အဲ့ဒါနဲ့ဘဲ ငါကမဆိုရဘူးပေါ့"

"ဟုတ်တယ် မဆိုနဲ့ ၊ ငါ့ကိုကို Double J ရဲ့
သီချင်း ပျက်တယ်"

"အာ...အဲ့လောက်ကြီး ရက်ရက်စက်စက်
မပြောရဘူးလေ အရူးမလေးရဲ့"

သူရိန်ဟာ လဝန်းပုံစံလေးကို အသည်းယားလွန်းလို့ ကားမောင်းနေရင်းမှ လက်တစ်ဖက်ဖြင့်
သူမရဲ့ပါးဖောင်းဖောင်းလေးကို ဆွဲပစ်လိုက်သည်။

"နာတယ်နော်...."

"ကွန်ဒိုရောက်ရင် ကိုယ့်ဟာကိုယ်ဆင်းလျှောက်မှာလား? ငါပွေ့ချီသွားရမှာလား?"

𝑴𝒚 𝑨𝒏𝒈𝒆𝒍 𝑽𝒊𝒍𝒍𝒂𝒊𝒏 ! ♡︎ (ကိုယ့်ရဲ့ ဗီလိန် နတ်သမီး)Onde histórias criam vida. Descubra agora