Episode 1U

62.8K 1.1K 19
                                    

'YANGON INTERNATION AIRPORT'

အဝေးကနေ မှိန်ပြပြ လှမ်းမြင်နေရပြီဖြစ်တဲ့ စာတန်း....။

အမိနိူင်ငံ ကို ပြန်ရောက်ပြီဆိုသော အသိကသူ့ စိတ် ကို အလိုလိုနွေးထွေး သွားစေသည်။ကြိုဆိုနေမည့် သူ ရှိနိုင်ပါ့မလား ဟု တွေးမိပြန်တော့ ယောကျာ်း တန်မဲ့ မျက်ရည်က အလိုလိုဝဲချင်လာမိ၏။

ခဏအကြာ လေယာဥ်ဝန်ထမ်း များ ဆီက ဆိုက်ရောက်ရန်ကြေညာသံကြား မှ အတွေးတို့ ဖျက်ကာ ယူရမည့် အထုတ်အပိုးတွေ ကိုယူလိုက်ရင်း ဆင်းရန်ပြင်ဆင်မိ၏။

Airport အပြင်၌ ဆင်းလာသူများအား ပျော်ရွှင်စွာ ကြိုဆို နေသူများ က သူ နှင့်မသက်ဆိုင်သလို ဥပေက္ခာ ပြုလိုက်ပြီး ... နေဘုန်းသစ် Taxiတစ်စီး ငှားကာ သူ ပိုင်ဆိုင်ရာ အိမ်လေးဆီသို့...

ကားပေါ်ကိုရောက်တော့ သွားရမည့်နေရာ ကိုပြောပြီး ကားနောက်မှီ ကို မှီထိုင်ကာမျက်ဝန်းတွေကို မှိတ်ထားလိုက်သည်။

အိမ် က စထွက်လာကတည်း က သူ့မှာ မည့်သည့် အကြောင်းပြချက် ကိုမှ လုံလောက်စွာသိခဲ့ရခြင်းမရှိခဲ့...

"သားလေး...မေမေ ခဏ ဝင်ခဲ့လို့ရမလား"

အခန်းတံခါး ဝ ဆီက မေမေ့စကားသံကြောင့်ကုတင်ပေါ်လှဲနေရာက ကုန်းရုန်းထလိုက်ပြီး...

"ဝင်ခဲ့လေ...မေမေ"

"အင်း..."

မေမေက အခန်းထဲဝင်လာလိုက်ပြီး ထုံးစံအတိုင်းသူ့နဖူးဆီခပ်ဖွဖွနမ်းရှိုက်ကာ ကုတင်အစွန်းပေါ် တင်ပါးလွှဲဝင်ထိုင်သည်။

"သားကို မေမေ ပြောစရာရှိလို့"

"ဟုတ် ပြောလေ မေမေ"

"သား ကျောင်း ကို မင်း အန်တီ ဆီမှာ ဆက်တက်ရမယ်"

"ဗျာ...ဘာဖြစ်လို့လဲ မေမေ ၊ ဒီမှာ ဆက်တက်ဖို့က တခုခုအဆင်မပြေတာများ ရှိလို့လား"

"အကြောင်းပြချက် ကို တော့ မမေးပါနဲ့ဦး သား ဒီအချိန်မှာ မေမေ မင်းကို ဘာကိုမှ တိကျသေချာအောင် မပြောနိူင်သေးဘူးအချိန်တန်ရင် တော့ သား နားလည်အောင် မေမေအားလုံးကိုပြောပြမှာပါ...."

ခမ်းနားကမ္ဘာငယ်Where stories live. Discover now