Episode 27Z

133 4 0
                                    

"ဒီမယ်...ဟေ့လူ"

"ဟေ့လူ ... ခေါ်နေတယ်လေဗျာ..."

မိမိ ကို ခေါ်နေမှန်းသိနေပေမယ့် နာမည်တပ်မခေါ်လေတော့ ခမ်းနား တမင်မသိချင်ယောင်ဆောင်မိတာဖြစ်၏...။ သို့ပေမယ့် လေသံလေးမှာ မကျေနပ်မူ့တွေ ကပ်ပါလာတာကြောင့် သူ ဆက်ပြီး မသိချင်ယောင်ဆောင်နေ၍ မရတော့ချေ...။

ထို့ကြောင့်ပဲ ဟင်းချက်နေရာမှ လှည့်ကြည့်လိုက်ပြီး သူ့ ကိုယ် သူ လက်ညှိုးပြန်ထိုးပြကာ...

"ကိုကို့ ကို ခေါ်နေ တာလား ချာတိတ်..."

ဒီအိမ်ထဲမှာ သူနဲ့ကိုယ်ကလွဲပြီး ဘယ်သူရှိသေးလို့လဲ ဒီလူ က အပိုစကားတွေကို အရမ်းဆိုလွန်းသည်။ နေဘုန်းသစ် မကျေနပ်တာမူ့ကိုပေါ်လွင်စေရန် မျက်နှာထား ကို တမင် စူပုပ်ပစ်လိုက်ကာ...

"ဒီအခန်းထဲ မှာ ခင်ဗျားနဲ့ ကျွန်တော်နဲ့ နှစ်ယောက် တည်း လူ့လောကနဲ့ အဆက်သွယ်ပြတ်နေတာမဟုတ်လား... ခင်ဗျား ကို မခေါ်လို့ ဘယ်သူ့ကို ခေါ်ရမှာလဲ..."

ဒီလောက်ဆို ခမ်းနားသိလိုက်ပြီ... အပြင် ကို မထွက်ရတာကြာနေပြီဖြစ်တဲ့အတွက် ချာတိတ် သူ့ကို ရစ်တော့မည်ဆိုတာ...

"သြော်...ချာတိတ်က ဟိတ်လူ ၊ ဟိတ်လူ ဆိုပြီးခေါ်နေတော့ ကိုကိုက ဘယ်သူ့ကို ခေါ်မှန်းမသိဘူးလေ..."

"ဟမ့်...သိသားနဲ့ ခင်ဗျား တမင် ရစ်နေတာများ..."

"နူတ်ခမ်းကြီး ကလည်း ထော်ထားလိုက်တာများ...ဟင်းချက်နေတဲ့ ကိုကို့ ကိုတောင် လာထိုးမိတော့မယ်..."

"အပိုတွေ ပြောမနေပါနဲ့...ကျွန်တော် ခင်ဗျားကိုပြောစရာရှိတယ်..."

"ခင်ဗျား...ခင်ဗျားနဲ့ သူစိမ်းဆန် လိုက်တာ ကွာ... ကိုကို လို့ ခေါ်ပါတော့လား ချာတိတ်ရဲ့"

နေဘုန်းသစ် လက်ပိုက်လိုက်ပြီး ထိုလူ့ကို ခပ်တည်တည်မျက်နှာဖြင့် ပြန်ကြည့်လိုက်ကာ...

"မခေါ်နိုင်ပါဘူး... အဲ့လောက် ကိုကို အခေါ်ခံချင်နေရင် ဟိုအယောက် ၃၀ ကို သွားခေါ်ခိုင်းလိုက်လေ..."

ဒီတခါမှာတော့ ခမ်းနား အမှန်ပဲ အံသြသွားရ၏...ချာတိတ်က ထိုကိစ္စကို အတော်လေး မကျေနပ်နေသည့်ပုံရကာ အခုထိပြောမပြီးတာကြောင့်...။ ထို့ကြောင့်ပဲ ဟက်ကနဲ ရယ်ချလိုက်မိကာ..

ခမ်းနားကမ္ဘာငယ်Where stories live. Discover now