Episode 2U

20.2K 692 25
                                    

"ကိုကို ကလည်း ကိုယ့် ညီမလေး ကို တခါတလေ လေး လိုက်ပို့ရတာ လေးကိုပြုံးပြုံးရွှင်ရွှင်လေးနေပါ"

"ကိုကို မအားဘူး ကွ ၊ နောက်ပိုင်းမှာ အလုပ်တွေက ဒီအတိုင်းထားခဲ့ရတာ..."

"အဲ့ အလုပ်တွေက မသေမချင်း တသက်လုံးလုပ်သွားရမယ့်ဟာ...ညီမလေးနဲ့ ဒီလိုအပြင်သွားတဲ့အချိန်လေးတော့ ပျော်ပျော်ရွှင်ရွှင် နေပါ..."

"ဟုတ်ပါပြီ ၊ မယ်မင်းကြီးမရယ် ... ခင်ဗျား လေးအလိုကျ ပြုံးထားပါ့မယ်နော်..."

ပြောလည်း ပြော သွားတွေအကုန်ပေါ်အောင် တမင် ရွဲ့ ပြီး ပြုံး ရယ်ပြလိုက်တော့မှ မြတ်နိုးက သဘောကျသွားဟန် ရယ်မောကာ...

"ဒီလိုမှ ပေါ့ ..အာ့လို ပြုံးပြုံးလေးနေ အဲ့ကျမှ ညီမလေးလည်း ကိုကို့ ပိုက်ဆံတွေကိုသုံးရတာစိတ်ချမ်းသာမှာပေါ့ အခုတော့ ကိုကို က မကျေနပ်နေတဲ့ရုပ်ကြီးနဲ့ ဆိုတော့ ညီမလေး က တကယ် အားနာတယ် ... ''

ထိုစကား ကိုတော့ သူအမှန်ပဲ သဘောကျစွာ ဟက်ဟက်ပက်ပက် ရယ်လိုက်မိသည်။

"ဟားဟား ... Drama တွေလာချိုးပြန်ပြီကွာ..."

"တကယ် အားနာတာပါဆို ကိုကိုကလည်း"

"အနောက် အခန်းထဲမှာ အပြည့်ပါလာတဲ့ အထုတ်တွေကို ပြန်ကြည့်ပြီးမှဆက်ပြောပေါ့...ဟုတ်ပြီလား..."

ထိုအခါမှ မယ်မြတ်နိုး က အနောက်ကို တင်ပါးကြွပြီး ပြန်လှည့်ကြည့်ကာ...သူမ ဝယ်လာ တဲ့ ပစ္စည်းတွေက တကယ်ကို ကားနောက်ခန်းပြည့် လုနီးပါးဖြစ်နေတာမြင် မှ ...

"ဟီး...ဟုတ်သားပဲ...နဲနဲလေး လက်လွန်သွားတယ်... ဘာလဲ ကိုကို က ငြိုငြင်တာလား..."

ဒါ သူမလေး ရဲ့ နောက်တနည်း...ရစ်နည်း...ဒါကို ခမ်းနား အသားကျနေပြီးသား...ဒါကြောင့်ပဲ...

"ဟာ...ငြိုငြင်စရာလား... ကိုကို့မှာ ဖြုန်းပေးဖို့ ကို အဲလေ... မှားသွားလို့ သုံးပေးဖို့ ကို  ဒီညီမလေး ပဲ ရှိတဲ့ဟာ ... "

"ဟွန့်...ပြီးရော..."

တကယ်ဆို သူ က မြတ်နိုး ပြောလည်း ပြောချင်စရာ...

ယခုလို ဟိုသွားဒီသွား အချိန်ကုန်နေတာတွေ ကိုအမှန် သဘောမကျတာ။သူ့ရဲ့ ပိုင်ဆိုင်သမျှ.. အချိန်တွေ အားလုံး ကို အလုပ်ထဲမှာပဲ နှစ်ထားချင်မိ၏။

ခမ်းနားကမ္ဘာငယ်Where stories live. Discover now