ဒီနေ့တော့ ဆိုင်မှာ သူ မရှိခဲ့စဉ် တုန်းက လိုအပ်တာတွေမှန်သမျှ ကို အကုန်လိုက်ကြည့်ပြီး အကုန် ပြန်ဖြည့်နေသည် ။
ကြီးနှင်း က လူကြီး ပေမို့ အရာရာ စည်းစနစ်တကျ ဂရုစိုက်ထားပေမယ့်လည်း ကိုယ်က လူငယ် အမြင် နဲ့ မို့ လိုအပ်တာလေးတွေက ရှိနေတာအမှန်ပင်...။
ဆိုင်က ကောင်လေး ကလည်း မိုးဟိန်း နဲ့ အမျိုးမကင်းလှတဲ့ ကလေးမို့ စာရိတ္တ လေးကောင်းမွန်သည့်အပြင် အရာရာစိတ်ချရပြီး ယခုလို အချိန်အတော်ကြာ ထားခဲ့လည်း သိပ်ပြဿနာ မရှိ၍တော်သေး၏...။
"ကိုနေ... လိုအပ်တာတွေက ဒါတွေပဲ လား ဒါဆို ကျွန်တော် သွားလို့ရပြီလား..."
နေဘုန်းသစ် ပစ္စည်းတွေကို ဟိုဟို ဒီဒီ လိုက်ကြည့်ကာ စဉ်းစားဟန် ပြုမူလိုက်ပြီး...
"အင်း လောလောဆယ်တော့ အဲ့ထဲက ဟာတွေပဲ အရင်ဝယ်လာခဲ့လိုက်ဦး ညီလေး ကိုယ်တို့ လိုတာနောက်မှထပ်ဖြည့်ကြတာပေါ့...ဟုတ်ပြီလား..."
"ဟုတ်ကဲ့ ကျွန်တော် သွားလိုက်ပါဦးမယ်..."
"အင်း...ဆိုင်ကယ် သေချာမောင်းဦး"
"ဟုတ်ကဲ့..."
ခဏအကြာမှာတော့ ဆိုင်ရှေ့ကို ကားတစ်စီးထိုးရပ်လာပြီး...ထိုကားပေါ်က ရေချယ် ဆင်းလာတာမြင်လိုက်တာကြောင့် သူ အရှေ့အထိ ထွက်ကြိုလိုက်၏...မိရေချယ် က သူ့ကိုမြင်တာနဲ့ မမှီမကမ်း ခုန်ပြီး နားရွက်ကိုလိမ်ဆွဲကာ ဆိုင်ထဲ ပြန်ခေါ်လာသည်...
"အား...အား...နားရွက်ကို အရင် လွှတ် နာတယ်ဟ"
"လာခဲ့ နာပါစေ...နာအောင်ဆွဲတာ...ငါ့ကို ဘာမပြောညာမပြောနဲ့ပျောက်သွားတဲ့ကောင် ... ပြီးတော့ လင်နဲ့သွားသာယာနေတာ ဒင်းက ငါ့မှာတော့ စိတ်ပူလိုက်ရတာ... အန်တီက လှမ်းမေးတော့ ဘယ်လိုပြောရမှန်း မသိ..."
ပြောရင်းနဲ့ နားရွက် ဆွဲထားသည့် လက်ကို လွှတ်ပြီး နေဘုန်းသစ် ကျောပြင်ကြီးကို တဘုန်းဘုန်းဖြင့် ထုပစ်သည်။ ဒါ သူမ အကျင့် တခုခု မကျေနပ်လည်း တဖျက်ဖျက်ရိုက်သည်... ရယ်နေရင်တောင် ဘေးက လူကို ရိုက်ပြီးမှ ရယ်တတ်တာ...
"ဘုန်း...ဘုန်း"
"ဟာ့..နာတယ်ဟ ဖြေးဖြေးလုပ်ပါ"
YOU ARE READING
ခမ်းနားကမ္ဘာငယ်
Romanceအမုန်းတရားပြိုင်ရင်မင်း နိူင်ပြီး ချစ်ခြင်းတရားပြိုင်ရင်တော့ ကိုယ်ကအမြဲအရှုံးပေးပါ့မယ်.... #မင်းခမ်းနား#