Episode 24U

10.3K 373 11
                                    

Warning 18 +🚫...
.
.
.
.
"Ring...Ring"

သူ အိမ်ကိုပြန်ရောက်ပြီး ကတည်းက တောက်လျှောက်မြည်နေသည့် ဖုန်း...။ အခုလည်း ထပ်ပြီး မြည်နေပြန်ရာ ကောက်ကြည့်လိုက်တော့ ထုံးစံမပျက် မင်းခမ်းနား ၏ နံပါတ်ပဲ ဖြစ်သည်။

ဒါနဲ့ဆို ထိုလူခေါ်တာ missed call ပေါင်းမြောက် များစွာရှိနေပြီ ဖြစ်တာကြောင့် နောက်ဆုံး ဖုန်းကို စက်ပါ ပိတ်ချပစ်လိုက်သည်။

အခုမှပဲ နားအေး သွားရသလို တချက်ပြုံးလိုက်မိပြီး... luggage ထဲကို အဝတ်အစားတွေ အစီအရီ ထည့်လိုက်သည်။ ဒါတွေထည့်ပြီးလျှင် ဒီညတော့အစော အိပ်ရာဝင်ရမည်...အပြင်မှာလည်း မိုးကသည်းကြီးမည်းကြီး ရွာနေတာကြောင့် ဒီညတော့ အိပ်လို့ကောင်းမှာ အမှန်...။

"ဒေါက်...ဒေါက်"

တံခါးခေါက်သံကြား ၍ သူ ထဖွင့်လိုက်တော့ ကြီးနှင်း က အပြုံး​ဖြင့် ဆီးကြိုကာ...

"သားလေး... အပြင်မှာ လူတစ်ယောက် မိုးရေကြီးထဲမှာ ရပ်နေတာ အတော်ကြာပြီ..."

"ဟင်...ဒီအိမ်ရှေ့မှာလား ဘေးအိမ်က လူတွေများလား"

"မဟုတ်ဘူး ကွဲ့ ...၊ ဒီအိမ်ရှေ့ မှာပဲ တည့်တည့်ရပ်နေတာ... ကြီးနှင်း လည်း မှေးကနဲ ပျော်သွားပြီး ခုမှ တရေးနိူးလို့ ရေထသောက်တာ အဲ့မှာ မိုးရွာနေတာ တွေ့လို့ တံခါးတွေ ထ ပိတ်ရင်းလှမ်းမြင်လိုက်တာ ... အစတော့ ဒီအတိုင်း ပြီးရင် ထွက်သွားမလားဆိုပြီး ကြည့်နေသေးတယ်... အချိန်ကြာတဲ့အထိ ထွက်လည်း မသွားလို့ သားလေး ရဲ့ အသိမိတ်ဆွေ များလားလို့ပါ"

ကြီးနှင်း စကားကြောင့် နေဘုန်းသစ် ပို၍ အတွေးများသွားရသည်။

"ဒါဆို ကျွန်တော် သွားကြည့်လိုက်ပါမယ် ကြီးနှင်း ပြန် အိပ်လိုက်တော့နော် အချိန် လည်းအတော်လေး နောက်ကျနေပြီ..."

"သား တစ်ယောက်တည်း ဖြစ်ပါ့မလား...မတော်တရော် လူတွေဆိုရင်..."

"ရတယ် ကြီးနှင်း...ကျွန်တော် ပဲ သွားကြည့်လိုက်မယ် ကြီးနှင်းအိပ်တော့..."

"အေးပါကွယ်...အဲ့လိုဆိုလည်း ကြီးနှင်း ပြန်အိပ်လိုက်တော့မယ်..."

ခမ်းနားကမ္ဘာငယ်Where stories live. Discover now