Episode 22U

9.7K 417 14
                                    

ဆိုင်ရှေ့ ထိုးရပ်လာသည့် ကားကို ဆိုင်အတွင်းကနေ လှမ်းမြင်လိုက်ရာ မင်းခမ်းနားစီးနေကျထဲက တစ်စီးဖြစ်နေတာကြောင့် သူ လုပ်လက်စ အလုပ် ကို အသာထားလိုက်ပြီး...

"စည်သူ..."

"ဗျာ...."

"ဟိုလူ မေးရင် ငါမရှိဘူးအပြင်သွားတယ်လို့ တစ်ချက်ပြောပေးဦးနော်..."

"ဟုတ်ကဲ့...ကိုသစ်"

စည်သူ့ ကို မှာခဲ့ပြီး ဆိုင်အနောက်ထဲက အခန်းထဲ သို့ အပြေးဝင်ကာ တံခါးကို ပါလော့ချပစ်သည်။အခုအချိန်မှာ ထိုလူ နှင့် သူ မျက်နှာချင်းဆိုင်စိတ်ကိုရှိမနေပါ...။

ဘယ်လိုပင် အသိစိတ်မရှိအောင် မူးနေလို့ ပဲဆိုဦးတော့ ဟိုနေ့ညက Club မှာ ထိုလူပြုမူလိုက်သည့် ဖြစ်ရပ် က တော်တော် လေး ရွံ့မုန်းဖို့ကောင်းသည်။

တစ်ယောက်ယောက် များ သိသွားခဲ့ပါလျှင် သူ ရှက်လွန်း လို့ သေပစ် ချင်မိသည်အထိ...။ ထို့ကြောင့် နောက်ထပ် ထိုလူ နှင့် မပတ်သတ်ချင်တော့ပါ...။

မင်းခမ်းနား ဆိုင်ထဲ ကို ဝင်ဝင်ချင်း ပဲ ချာတိတ် ကို မျက်လုံး ဝေ့ကာ ရှာမိတော့ မတွေ့မိ...။ ကောင်တာ မှာ ထိုင်နေသည့် ကောင်လေး ဆီ တန်းသွားလိုက်တော့ အရင်ကလည်း သူက ဒီကိုဝင်ထွက်နေကျဖြစ်တာကြောင့် ထိုကောင်လေးက မှတ်မိပြီးပြုံးပြလာသည်။

"ညီလေး ... နေဘုန်းသစ် မရှိဘူးလား..."

"ဟုတ်ကဲ့ခင်ဗျ... ကိုနေ အပြင်သွားပါတယ်...ဆိုင်အတွက် လိုအပ်တာလေးတွေ ဝယ်မယ်လို့ပြောပါတယ်"

ခမ်းနား က စည်သူ ပြောနေသည့် စကားထပ် အနောက်က ပိတ်ထားသည့် အခန်းကို လှမ်းမျှော်ကြည့်လိုက်ကာ...တကိုယ်တည်း နားလည်လိုက်သလို ခေါင်းငြိတ်လိုက်ပြီး...

"ဟုတ်လား... ကျေးဇူးပါ ညီလေး....တကယ်လို့ သူ ပြန်လာရင် အကို့ကို တခုလောက် ပြောပေးနိူင်မလား..."

"ဟုတ်ကဲ့...အကို ပြောချင်တာကို မှာခဲ့ပါ...ကိုနေ ပြန်လာရင် ကျွန်တော် သေချာပေါက်ပြောပေးပါမယ်..."

ခမ်းနား ခေါင်းငြိတ်ပြလိုက်ပြီး...

"အကို ပြောချင်တာက ... အကို သူ့ကို တောင်းပန်ချင်လို့ ဖုန်းဆက်တဲ့အခါ ဆွဲချတာမျိုး စက်ပိတ်ပစ်တာမျိုးမလုပ်ဘဲ နဲ့ တခါလောက်ပဲ ဖြစ်ဖြစ်ကိုင်ပေးပါလို့..."

ခမ်းနားကမ္ဘာငယ်Where stories live. Discover now