Episode 6U

11.1K 487 10
                                    

သူတို့နှစ်ယောက် မျိုးမြင့်ဇော် အိမ်ကို​ရောက်တော့ အချိန် နောက်ကျ နေ၍ ထင် စားပွဲဝိုင်းတစ်ချို့နှင့် ဧည့်သည် အချို့သာရှိတော့၏ ။သူ တို့ကိုမြင် တော့ မျိုးမြင့်ဇော် က ထွက်ကြိုကာ...

"မင်းတို့ က နောက်ကျလိုက်တာကွာ ငါက မလာတော့ဘူးတောင် ထင်နေတာ "

နေဘုန်းသစ် ဒီကောင့် ကို အမှန်ပဲ အားနာသွားရသည်။ မနေ့က သေချာပေါက် အစောလာပါမည် ဟု ကတိပေးထားမိ၍...

"ငါ့ကြောင့်ပါ ကွာ ... ၊ အိမ်မှာ Father ကြီးနေသိပ် မကောင်းလို့ ထွက်လာ ဖို့ နောက်ကျနေတာ ... ဒီကောင် က ငါ့ အိမ်ကိုရောက်နေတာအစောထဲ က"

ထို အခါ မိုးဟိန်း က ပါ ထောက်ခံသလိုဖြင့်...

"ဟျောင့်ရေ... ဦးလေး နေမကောင်းတာ က နဲနဲ ၊ နေဘုန်းသစ် အကြောင်းကို သိတယ်မှတ်လား... ရှင်ဘုရင် တခါထွက် ပဲကြီးတစ်လှေချက်လေ ပြင်ဆင်နေတာ မပြီးနိူင်ဘူး..."

"မင်း မဟုတ်တာ မပြောနဲ့ ၊ ဖေဖေ တကယ်နေမကောင်းတာ တွေ့ရဲ့သားနဲ့"

"ဘာကို မဟုတ်တာလဲ ၊ ဦးလေး နေမကောင်းဘူးဆိုတာ မင်း အောက်ကိုရောက် မှ သိတာလေ... အဲလိုအောက် ကို ရောက်လာဖို့ က စောင့်နေရတာတင် နှစ်နာရီလောက်ကြာတယ် အဲ့တာကို ငါပြောတာ ... ဟိတ်ကောင် မျိုးမြင့်ဇော်... ပန်းကန်ဆေး ပဲ မှီတော့တာ ဆိုရင်လည်း ဒီကောင့် သာ ဆေးခိုင်းလိုက် သိလား..."

ကျောင်းမှာဖြစ်ဖြစ် ဘယ်မှာဖြစ်ဖြစ် နေဘုန်းသစ်နဲ့ မိုးဟိန်းဆိုတာ မတည့်အတူနေ မမြင်ရင်ချောင်းကြည့်ကြတယ် ဆိုတဲ့ အတွဲညီညီ သူငယ်ချင်း မို့ အကြောင်းသိနေတဲ့ မျိုးမြင့်ဇော် က သဘောကျစွာ ရယ်မောလိုက်ကာ...

"ဟားဟား စားစရာ တွေ က မကုန်သေး ပါ ဘူး အချိန်မှီပါသေးတယ် ဟ...ပြီးတော့ တကျောင်းလုံးရဲ့ အသည်းကျော်လေး ကို ငါ ပန်းကန်မဆေးခိုင်းရဲပါဘူး ကွာ နောက်နေ့ ချောင်းရိုက်ခံရမှာကြောက်ပါတယ်..."

"အဲ့ဒီ တကျောင်းလုံး ကလည်း ဒီနွားအကြောင်းမသိလို့ ပါ ၊ သိကြည့်ပါလား..."

သူ့ကိုရှေ့ထားပြီး ပြောချင်ရာပြောနေတဲ့ကောင်တွေ ကို နေဘုန်းသစ် မနိူင်ဘူးဆိုတဲ့ အကြည့်နဲ့ ကြည့်ကာ ခေါင်းခါရင်းအိမ်ထဲဝင်ခဲ့၏ ။

ခမ်းနားကမ္ဘာငယ်Where stories live. Discover now