Episode 20U

10K 435 18
                                    

"ဝေါ......ဝေါ"

"ဂျိမ်း....ဂျလိန်း"

မိုး က ဒီကနေ့မှ သူ့အတွက် အငြိုးနဲ့ ရွာချပေးနေသလိုတောင် ထင်ရသည်။နေ့လည် ကတည်း ကရွာနေတာ အခုထိ မတိတ်နိူင်ဘဲ....။ ပတ်ဝန်းကျင်တစ်ခုလုံးမှာလည်း မိုးသားတိမ်လိပ်တွေဖြင့် အုံ့မှိုင်းနေသည်က ကြည့်နေရင်း လူကို ပို၍ ရင်နင့်စေသည်။

သူ ဒီ ပြတင်းတံခါးနား မှာ အတွေးများစွာဖြင့် ရပ်နေသည်မှာ အချိန်တော်ကြာပြီဖြစ်သည်။ ခြေထောက်တွေ ထုံကျဥ်ကာ ညောင်းလာမိတာကို သတိထားမိပေမယ့် နေရာက ရွှေ့လိုက်ဖို့ မတွေးမိ။ ရင်ဘတ်ထဲက တစ်ခုခုလစ်ဟာနေသလိုခံစားချက်ကြီးဖြင့် တစ်ချက်တစ်ချက် အသက်ရှူဖို့ကိုတောင် မနည်းပြန်သတိထားနေရသလို...။

"မွေးနေ့မှာပျော်ရွှင်ပါစေ...ကိုကို့ အဆိုးလေး...ရှင်သန်ရာ ဘဝတလျှောက်လုံး ကိုကို နဲ့အတူ အမြဲရှိသွားနိုင်ပါစေ..."

ဖုန်း Screen ပေါ်က သူပို့ထားသည့် မက်ဆေ့ ကို ပြန်ဖတ် မိနေသည်မှာလည်း အကြိမ်တစ်ရာ မက တော့ပါ...။

တောင်းပန်ပါတယ် ခင်ဗျားရဲ့ ဆုတောင်းတွေ လို ကျွန်တော် က ခင်ဗျား အနားမှာ ရှိပေးနိုင်မှာမဟုတ်တော့တဲ့အတွက်... တောင်းပန်ပါတယ် ဒုတိယအကြိမ်ထပ်ပြီး နာကျင်စေခဲ့မိတဲ့အတွက်...။

သူ့ စိတ်ထဲမှာ အထပ်ထပ်အခါခါဆိုမိနေသည့် စကား က ထိုလူ့အတွက် တောင်းပန်သည့်စကားများသာ...။ သူစီစဥ်ထားသလို အရာအားလုံး ပြီးသွားတဲ့နောက်မှာ ထိုလူ့ ဆီကလက်ခံရရှိမည့်အရာက အမုန်းတရားတွေ ဖြစ်နေခဲ့လျှင်တောင် ထိုအရာကို ကျေကျေနပ်နပ် လက်ခံပေးဖို့အထိ သူ တွေးထားပြီးသားဖြစ်သည်။

"Ring...Ring"

လက်ထဲမှာကိုင်ထားသည့် ဖုန်းဆီကအဝင်ကောလေးကြောင့် ကျလုဆဲဆဲမျက်ရည် စ တွေကိုလက်ဖြင့် သုတ်ပစ်ရင်း ပြန်ဖြေလိုက်သည်...။

"အင်း ... ပြော ရေချယ်..."

"Sun ချိန်းထားတဲ့အချိန်နီးပြီနော်... နင်အဆင်သင့်ဖြစ်ပြီလား..."

"အင်း ငါ အဆင်သင့်ပဲ..."

"ဟို...နင် စိတ်ရောအဆင်ပြေရဲ့လား...တကယ်လို့..."

ခမ်းနားကမ္ဘာငယ်Where stories live. Discover now