Episode 10U

11.7K 466 25
                                    

မျက်ခုံး တန်းလေးတွေအောက် က စေ့ပိတ်ထား တဲ့ မျက်တောင် တိုစိပ်စိပ် လေးများကိုလက်ဖြင့်အသာ တို့ ထိကြည့်တော့ မျက်မှောင်လေးကုတ်ပြီး သူ့ လက်ကိုဖယ်ချပစ်သည်။

လတ်တလော ရမ်းကားခံထားရတဲ့ နူတ်ခမ်းဖူး လုံးလုံးလေး မှာ လည်း ဆေးမကူဘဲ ခပ်ရဲရဲလေးဖြစ်နေသည် မှာ အသည်းယားဖွယ် အတိ... ။ ထို့နောက် အဝတ်လွတ်နေတာကြောင့် အတိုင်းသားမြင်နေရသည့် လည်ပင်း နှင့် ညှပ်ရိုးနေရာ လေးတွေမှာလည်း သူ့ ကြောင့် နီညိုရောင် အကွက်လေးများ က ဟိုတစ်ကွက် သည်တစ်ကွက်ဖြင့်...။ ပန်းချီကားချပ်ထဲ က လှပသည့် ကြွေရုပ်လေးအပေါ် ဆေးစက်တို့ဖြင့် ခြယ်သ ထားသလို...

မင်းခမ်းနား အိပ်ယာပေါ်မှာ ဘေးတစောင်းလှဲ၍ လက်ထောက်ပြီး ငေးနေမိတာ အတန်ကြာသည်အထိ...။ မြတ်နိူးစွာ နဖူးလေးကိုအသာ ငုံ့နမ်းမိတော့ အနည်းငယ် လူးလွန့်လာပြီး မျက်နှာလေးရှုံ့မဲ့ပြီး ဟိုဘက်လှည့်သွားသည်။

"အဟွန်း...အိပ်ပုတ်...၊ ထတော့လေ ကွာ ... အပြင်မှာ မိုးချုပ်တော့မယ်..."

လှည့်သွားသည့် အတိုင်းလေး ကို အနောက်က သိမ်းဖက်ပြီး ရင်ခွင်ထဲထည့်လိုက်တော့လည်း ထို အတိုင်းလေး ပါလာသည်။ ဂုတ်သား ဖွေးဖွေးလေး ကို တချက် ငုံနမ်းရင်း ဒီကလေး လေး က သူ့အပိုင် ဆိုတဲ့ အသိ က တွေးရင်း နဲ့ ခဏခဏ ပြုံးမိရသည်။ ဘေးကကြည့်မိရင်တောင် ဒီကောင်စိတ်မှန်ရဲ့လား လို့ တွေးရလောက်သည်အထိ....။

"ကလေး ... မပြန်တော့ဘူးလား ...မပြန်ရင် ကိုကို က ပိုသဘောကျတယ်နော်... တစ်သက်လုံး အပိုင်ခေါ်ထားလိုက်မှာဗျ...တကယ်ပြောတာ"

ထိုအခါ မှ မဖွင့်ချင် ဖွင့်ချင်ဖြင့် မျက်လုံးပွတ်ကာ နိူးလာသည်...။

"ဘယ် အချိိန်ရှိပြီလဲဟင်..."

ပြောရင်း ဘေး က စားပွဲပေါ် ကဖုန်းကိုလှမ်းယူလိုက်တော့ ... မျက်နှာလေးရှုံ့မဲ့သွားရကာ..

"အာ့..."

"ဟင်...ကလေး ဘာဖြစ်လို့လဲ..."

"ဟိုလေ..."

သူ ဆက်ပြောဖို့ မဝံ့မရဲဖြစ်နေတုန်း မင်းခမ်းနား ကနားလည်စွာ...။

ခမ်းနားကမ္ဘာငယ်Where stories live. Discover now