Episode 15Z

110 6 0
                                    

"ခါးပတ် ကို သေချာပတ်ဦးလေကွာ...လာ ကိုကိုလုပ်ပေးမယ်"

"မထိနဲ့...ရတယ်..၊ကျွန်တော့် ဘာသာလုပ်မယ်..."

အမူးသမားလေး က သူ့ လက်တွေကိုပုတ်ထုတ်ပစ်ကာဆိုသည်။ ဒီကားထဲ ကို ရောက်လာအောင် ပွေ့ မခေါ်ရုံတမယ် သယ်လာ ပေးခဲ့ပြီး အခုမှ ထိုင်ခုံ ခါးပတ် ပတ်ပေးတာလောက်ကို အကဲဆတ်ပြနေတာ...တကယ်ကို အသည်းယားဖွယ်...။

"ကလေး ရဲ့ကားကိုမနက်မှ ဒီကဝန်ထမ်းတယောက်ကိုပို့ပေးဖို့ ကိုကိုပြောထားတယ် နော်...အခုက ကိုကို ပဲ လိုက်ပို့ပေးမယ် အဆင်ပြေတယ်မှတ်လား..."

"ပြေတယ်...မောင်းတော့"

ပြောပြီး ထိုကောင်လေး က ခေါင်းမထောင်နိုင်တော့သလို ကားထိုင်ခုံ ရဲ့နောက်မှီ ကို မှီရင်း ...မျက်ဝန်းတွေ ကို ပိတ်ထားသည်။ ကားအတွင်း မှာ လင်းနေသည့် မီးရောင် မှိန်ပြပြလေး က အမူးရှိန်ကြောင့် ရဲသွေးလွှမ်းနေသည့် ချာတိတ် ရဲ့ပါးပြင်လေးတွေ နူတ်ခမ်းလေးတွေ ကို သေချာစွာမြင်ရဖို့အတွက် လုံလောက်သည်။

အခုလေးတင် စကားတွေ အများကြီးပြောခဲ့ပေမယ့် ဤအဖြစ်အပျက် ကို မယုံနိုင်သလို ခမ်းနား သူ့ ရှေ့က မြင်နေရသည့် ပါးပြင်လေး ဆီ လက်ဖြင့်ခပ်ဖွဖွ လေး ကိုင်မိသည်။

နူးညံ့လှသည့် ပါးပြင်လေးရဲ့အထိအတွေ့ကြောင့် ဒါဟာ အိပ်မက်မဟုတ်သလို...သူစိတ်ကူးယဉ်နေတာလည်း မဟုတ် ကြောင်း သူ့စိတ်ကိုထပ်ပြီး အသိ ပေးလိုက်မိပြန် သည်။ ချာတိတ် သူ့အနားကို တကယ်ပြန်ရောက်လာခဲ့တာ...။

"မောင်းလေ ဗျာ၊ မမောင်းဘဲနဲ့ သူများမျက်နှာ ကို မနေတတ်အောင် ဘာလို့ လိုက်ကိုင် နေတာလဲ"

"အဟွန်း..."

မှိတ်ထားသည့် မျက်ဝန်းလေးတွေ ကို ဖွင့်ပြီး ခပ်စူးစူးအသံလေးဖြင့် အော်လိုက်တာကြောင့် သူပြုံးလိုက်မိပြီး...အဆုံးသတ် အနေနဲ့ စူထော်နေသည့် နူတ်ခမ်းလေးကို တစ်ချက်ဆွဲညှစ်ပစ်လိုက်ပြီး ထိုနေရာမှ မောင်းထွက်ခဲ့လိုက်သည်။

.......................................
................................................။

Coffee ဆိုင်ဖွင့်ရန်အတွက် ဆိုင်ခန်း ဆောက်ရန် စတင် ပြင်ဆင်နေသည် မှာ တစ်ပတ် လောက်ရှိပြီ ဖြစ်ရာ သူနှင့်မင်းခမ်းနား ကတော့ အကြောင်းပြချက် မျိုးစုံဖြင့် အမြဲလိုလို ဆုံဖြစ်နေသည်။

ခမ်းနားကမ္ဘာငယ်Where stories live. Discover now