Episode 5U

12.1K 490 1
                                    

နိူးနေတာ ကြာ နေပေမယ့် အိပ်ယာထဲက မထ ဖြစ် ပဲ တချက်ချက် မြည် နေတဲ့ နာရီလက်တံတွေ ကို အကြောင်းမဲ့သက်သက် နားစွင့် နေမိသည်။

ညက အတော်လေး ရေချိန် ကိုက်သွားတာကြောင့် တစစ်စစ် ထိုး ကိုက်နေတဲ့ခေါင်းအား လက် ဖြင့် ဖိ လိုက်တော့ မနေ့ည က ပုံရိပ်များ က အာရုံထဲမှာ ဝိုးတဝါး ပြန် ပေါ်လာ၏။

စောင် ကို ခေါင်းမြှီးခြုံ ၍ မျက်ဝန်းတွေကို ပြန်လည် မှိတ်ချလိုက် မိ သည်။

ငါ ဘာတွေလုပ်ခဲ့မိတာလဲ... ရှက်စရာကောင်းလိုက်တာကွာ ...ဆုံတာ နှစ်ကြိမ် ပဲ ရှိသေး တဲ့ လူကြီး နဲ့ ထိုလူ့ အကြောင်း ကို ဘာမှရေရေရာရာ လည်း မသိရသေး ပဲ ... စိတ်ကြိုက် နမ်း သွားတာ ခံ ခဲ့ရသည့် အပြင်... မိမိ က ပါ စိတ်လိုလက်ရ ပြန်နမ်းခဲ့သည်တဲ့လား...။

ပြီးတော့ မိမိ နဲ့ မျိုးတူ ယောက်ကျား တယောက် အခုအချိန်ဆို ထိုလူကြီး သူ့ ကို ဘယ်လိုတွေးနေမလဲ...။  အရမ်းလွယ်တယ်ဆိုပြီး အထင်သေးသွားမလား....။

နေဘုန်းသစ် သူ ကိုယ်တိုင် လည်း ဘယ်အရာ က စွဲငင်သွား၍ ဒီလောက်ထိ လုပ်လိုက်မိသည်မသိ။ ဖြစ်နိုင်တာကတော့ စိတ်လွတ်ကိုယ်လွတ် အရမ်းမူးသွားလို့ပဲ ဖြစ်မည် ။ထို့ကြောင့်ပဲ ဆုံးဖြတ်ချက် တခုကိုသေချာချလိုက်မိသည်က နောက်ဆို အရက်ပြင်းတာတွေ လုံဝ မသောက်တော့ဖို့...။

ည က သူနဲ့ထိုလူ ဘယ်လောက်အခြေအနေထိ နီးကပ်ခဲ့လည်း တွေးကြည့်စရာတောင်မလို... ထိုလူ့ ဆီ က ရမိခဲ့တဲ့ အနံ့သက်တွေ က သူ့ အိင်္ကျီ မှာ ခုထိစွဲတုန်းပင် ...။ ကိုယ့်ကိုယ်ကို ပြန် ငုံ့နမ်းမိရင်း ရှက်စိတ်ကြောင့် လူပါအငွေ့ပျံချင်လာသည် ။

"ဒေါက် ၊  ဒေါက်"

"သားရေ.... မနိူးသေးဘူးလား အော​က်မှာ မိုးဟိန်းရောက်နေပြီလေ "

မေမေ့ တံခါးခေါက်သံကြား မှ စောင်ပုံထဲ ကထွက်ပြီး အပြေးအလွှား တံခါး ထ ဖွင့်ကာ ...

"သားနိူးနေပြီ မေမေ..."

"အော်...အေးပါကွယ် ...၊ ညကပြန်လာတာနောက်ကျတော့ မေမေ ကမနိူးသေးဘူးထင်လို့...မိုးဟိန်း ရောက်နေတာကြာပြီလေကွယ်...မေမေ က ဘုရားကန်တော့ နေတာ အခုမှ သိလို့..."

ခမ်းနားကမ္ဘာငယ်Where stories live. Discover now