Episode 29U

10.3K 354 6
                                    

ခမ်းနား ကုမ္ပဏီ ကအပြန် ကြိုနေကျအတိုင်း ချာတိတ် ကို ဝင်ခေါ်ရန် ဆိုင်ရှေ့တွင်ကား ရပ်လိုက်၏ ... ချာတိတ် က ဆိုင်သိမ်းပြီး မိမိ အလာကို ကြို စောင့်နေဟန် ဆိုင်တံခါးကို သော့ခတ်ကာ ထွက်လာသည်။

အလိုက်တသိနဲ့ ကားတံခါး ဖွင့်ပေးလိုက်တော့ ချစ်စရာကောင်းအောင် နှာခေါင်းလေး ရှုံ့ကာ ပြုံးပြပြီးဝင်ထိုင်သည်။ နေဘုန်းသစ် က ထိုသို့ အပြုအမူ လေးတွေ ပြုမူတိုင်း တကယ်ကို ကလေးပေါက်စလေးလို...။

"ကိုကို ကျွန်တော့် အိမ်ကိုပဲ တန်းမောင်းလိုက်နော်..."

"ကိုကို့ တိုက်ခန်း ကို မလိုက်ဘူးလား... ကြီးနှင်းကိုအဖော်ရအောင် ကောင်မလေးတစ်ယောက်လည်းရှာထားပေးပြီးသားပဲကွာ..."

အခုနောက်ပိုင်း နေဘုန်းသစ် က မင်းခမ်းနား တိုက်ခန်းမှာပဲ အမြဲ နေဖြစ်တာကြောင့် ကြီးနှင်း တယောက်တည်း အဖော်ရအောင် ကြီးနှင်းကို ပြုစုဖို့အတွက် ကောင်မလေး တစ်ယောက်ကို ခေါ်ပေးထားခြင်းဖြစ်သည်။

"မပြန်တာကြာနေပြီလေ ကိုကို ရဲ့...သွားကြည့်ဦးမှပေါ့...ဒီအတိုင်းဆို သူ့ကိုပစ်ထားတယ်ဆုပြီး ကြီးနှင်းက စိတ်မကောင်းဖြစ်နေမှာ..."

"အင်းပါ အဲ့တာဆို ကိုကိုလည်း အခန်းကိုမပြန်တော့ဘူးနော် ကလေး နဲ့ပဲ လိုက်အိပ်မှာ..."

"ဟာ...ကိုယ့်အခန်းကိုယ်ပြန်အိပ်လေ...နောက်နေ့လည်း ကျွန်တော် လာမှာပဲကို..."

သူ ရုတ်တရက် ဘာရယ်မဟုတ် ငြင်းလိုက်ပေမယ့် မင်းခမ်းနား ကစိတ်မကောင်းဖြစ်သွားဟန် မျက်နှာ ကွက်ကနဲ ပျက်သွားရကာ...

"အင်းပါ...ကောင်းပါပြီ..."

"ဟိုလေ...ကျွန်တော် ပြောချင်တာက"

"ကလေးက အခုအချိန်ထိ ကိုကို့ အပေါ်ကို စည်းတစ်ခုထားပြီး ဆက်ဆံနေသလိုပဲနော် တကယ် စိတ်မကောင်းဘူး..."

ထိုလူ က အမှန်ပဲ ​စိတ်မကောင်းတဲ့မျက်နှာဖြစ်သွားတော့ နေဘုန်းသစ် တကယ်ကို မနေတတ်ဖြစ်သွားရ၏...။ အမြဲတွေ့နေကျပဲမို့ စကားကို ဒီအတိုင်းအလွယ်ပြောလိုက်တာ ဖြစ်သည်။  ကားမောင်းနေသည့် ထိုလူ့ရဲ့ လက်မောင်းတဖက်ကို ဖွဖွ ဖက်လိုက်ပြီး ပခုံးစွန်းလေးကို ဖိကပ်နမ်းလိုက်ကာ...

ခမ်းနားကမ္ဘာငယ်Where stories live. Discover now