အိပ်ယာက နိူးနိူးချင်း လန်းသွားအောင် ရေမိုးချိုးချလိုက်သည် ။ ညက အတော်ညဥ့်နက်သည်အထိ အတွေးပေါင်းစုံနှင့် ထိုင်ငိုနေမိတာကြောင့် ခေါင်းတွေက ထိုးကိုက်နေသည်။
သူ အောက်ထပ် သို့ ဆင်းလာတော့ ထမင်းစားပွဲဝိုင်းတွင် ကော်ဖီသောက်နေတဲ့ မေမေ နှင့် ဆုံသည်။ ခါတိုင်းဆို ဒီလိုအချိန် အိမ်မှာ မြင်ရခဲတာကြောင့် ...
"မေမေ ဆိုင် မသွားသေးဘူးလား..."
သူ့အသံကြောင့် မေမေ ကလှည့်ကြည့်ပြီးပြုံးပြလာသည်။
"အွန်း .. လာ ထိုင် သားလေး... မေမေ သားကိုပြောစရာရှိလို့ တမင် မသွားသေးဘဲ စောင့်နေတာ..."
"အော်...သားက နေမကောင်းဘူး ထင်လို့"
သူ မေမေ ထိုင်နေတဲ့ရှေ့ကခုံတွင်ဝင်ထိုင်လိုက်ပြီး ကော်ဖီ တစ်ခွက်ငှဲ့လိုက်သည်...
"ကောင်းပါတယ် သားရဲ့၊မနေ့ က ညနေ ကတည်းက မေမေပြောမလို့စောင့်နေတာသား ပြန်လာတဲ့ အချိန်ကျ မေမေ က မသိလိုက်ဘူးလေ"
မေမေ စကားကြောင့် တစ်ခဏတော့ စိတ်မလုံမခြုံဖြစ်မိသွားရသည်။မင်းခမ်းနား နှင့်ပတ်သက်သည့် ကိစ္စကို မေမေ သာ သိလျှင် သူ့ကို အပြစ်ပြောမည်လား...သေချာပေါက် ဖြစ်နိုင်သည်။
"ဟုတ်ကဲ့...၊ သားညက မိုးဟိန်း တို့အိမ်မှာ Guitar တီးနေတာ မျိုးမြင့်ဇော် လည်းရောက်လာတာနဲ့ အပြန်နောက်ကျသွားတာ...မေမေ ပြန်မရောက်လောက်သေးဘူးထင်လို့ လာ မနူတ်ဆက်လိုက်တာ"
ကိစ္စတိုင်းကို အရာရာအသိပေးပြီး အမြဲတိုင်ပင်နေကျ မေမေ့ကို ပထမဦးဆုံးအကြိမ် သူမုသားသုံးမိလိုက်သည်။
"အော်...အဲ့တာကြောင့် ကိုး...အမှန်တော့ မေမေ က သားကို စောင့်နေတာ... သား ဟိုကိုသွားဖို့အတွက် ကို ပြောပြချင်လို့"
"ဟုတ်ကဲ့ ပြောပါမေမေ"
"ဒီလိုသားရဲ့ မေမေ စီစဥ်စရာရှိတာတွေအားလုံး ကို လုပ်ပြီးပြီ အဲ့တာ သားဘယ်တော့လောက်သွားချင်လဲ...မေးမလို့"
"သား ဖြစ်နိူင်ရင် ဒီရက်ပိုင်းအတွင်းပဲ ချက်ချင်း သွားချင်တယ် မေမေ..."
YOU ARE READING
ခမ်းနားကမ္ဘာငယ်
Romanceအမုန်းတရားပြိုင်ရင်မင်း နိူင်ပြီး ချစ်ခြင်းတရားပြိုင်ရင်တော့ ကိုယ်ကအမြဲအရှုံးပေးပါ့မယ်.... #မင်းခမ်းနား#