Episode 26Z

106 3 0
                                    

အိပ်နေရင်း နဲ့ နွေးထွေးစိုစွတ်လာသည့် နူတ်ခမ်းတွေ ရဲ့အထိအတွေ့ က နူးညံ့နေရာကနေ ရုတ်တရက် ကြမ်းတမ်းလာပြီး.... တစုံတယောက် က သည်းကြီးမည်းကြီးဝါးမျိုနေသလိုပင်...။အချိန်အနည်းငယ် ကြာမြင့်လာတော့ အသက်ရှုတောင်မဝချင်... ။

ထို့နောက် မှာတော့ နမ်းရှိုက်ခံနေရသည့် နူတ်ခမ်းတွေက ခေတ္တ လွတ်လပ်ခွင့် ရသွားပြီး အသက် ကို ခပ်ပြင်းပြင်းရှူ ကာ အမောဖြေ မိတော့... ထပ်မံ စုပ်ယူခံလိုက်ရသည့် လည်တိုင်လေး ... ထိုမှတဆင့် အနမ်းတွေ က တဖြေးဖြေး ရှေ့ဆက်တိုးလာရာ ရင်ဘက်က ပွင့်ချပ်လေးတွေ ဆီ ရောက်လာပြန်သည်...။

တချက် တချက် လျှာဖျားလေးဖြင့် ထိတယ်ဆိုရုံလေး...ထိလျှက် လိုက်တာကြောင့် အိပ်နေရင်းက အသံထွက်ပြီး ငြီးငြူ လိုက်မိသည်။

"အင်း၊ဟင်း..."

ခန္ဓာကိုယ် အနှံ့ အသာအယာ ထိတွေ့ ကာ ပွတ်ဆွဲနေသည့် လက်တွေ ကြောင့်လည်း ခံစားမူ့က မြင့်တက်လာပြီး အသက်ရှူသံခပ်ပြင်းပြင်း တို့ဖြင့် အိပ်ယာပေါ်မှာ လူးလှိမ့်နေမိသည်...။ ဒါ အိပ်မက်လား...အိပ်မက်ဆိုလျှင်တောင် ရှေ့ဆက်တိုးချင်နေမိသည့် စိတ်တို့ကြောင့် သူ မနိုး ထ ချင်သေး....။

ထို့နောက် မိမိ ရဲ့တွင်းလေးထဲ သို့ ထပ်မံကျူးကျော်လာသည့် လက်တို့နှင့် အတူ... ရင်းနှီးနေသည့် ကိုယ်သင်းနံ့ ကြောင့် သတိဝင်လိုက်မိသည်နှင့် မျက်ဝန်းတို့ကို ပါ အလိုလို ဖွင့်လိုက်မိပြီး...မိမိ အပေါ်က လူကို အလန့်တကြား တွန်းထုတ်ပစ်မိသည်။

"ဘာဖြစ်တာလဲ...ချာတိတ် ကလည်း"

"ခင်ဗျား ဒီအခန်း ထဲကို ဘယ်လိုဝင်လာတာလဲ...ကျွန်တော် တံခါးကို လော့ချထားတယ်လေ..."

ထိုလူ က သူ မေးနေတာကိုမဖြေဘဲ ဟွန်းကနဲ တချက်ရယ်ကာ... ဇွတ်အတင်းပြန်ဝင်ဖက်၏...။ မျက်နှာကြီး ကို လည်း မိမိ ဗိုက်နား တွင်ကပ်ထားကာ တဖျက်ဖျက် လိုက် နမ်းသည် လက်တွေ ကလည်း အငြိမ်မနေ.. နောက်ကျောဘက် ဆီ လျှိုသွင်းကာ ဖွဖွ ပွတ်ဆွဲလာပြန်သည် ။

နေဘုန်းသစ် အမြင်ကပ်ကပ် ဖြင့် ထိုလက်တွေ ကို အားထည့်ကာ ပိတ်ရိုက်ပစ်ပြီး...ဖက်ထားသည့် ကိုယ်ကြီး ကို ပါ အတင်း တွန်းလွှတ်ပစ်သည်။

ခမ်းနားကမ္ဘာငယ်Where stories live. Discover now