Episode 25U

11.1K 412 12
                                    

"ကျိ ... ကျလိ"

မှန်တံခါးဆီ လာနားသည့် ငှက်ကလေးများ၏ အော်သံနှင့်အတူ ပြတင်းတံခါး ဆီ က အလင်းတန်း က မျက်နှာကို တည့်တည့် လာ ထိုးလေတော့ အိပ်နေရင်း တစ်ဖက် ကို အသာအယာ လှည့်မိလိုက်သည်... ခြိမ်း​ခြောက်သည့် စကားအတိုင်း တစ်ညလုံး တရေးမှ မအိပ်ခဲ့ရသည့် အပြင် ထိုလူ့ဆီက အရိုင်းဆန် သည့် ရယူမူ့တွေကြောင့် လည်း လူတကိုယ်လုံး က လှုပ်လိုက်သည်နှင့် နာကျင်ရသည် ။

ယခုလို မျိုး ကျေးငှက်တွေ ၏ သာယာတဲ့ အသံလေးတွေကို လည်း အမြဲတမ်း သဘောကျ ခဲ့ဖူးပေမယ့် အခုအချိန်မှာတော့ မကြားချင်သလို နားကို ပိတ်လိုက်မိသည်...။ အရမ်းအိပ်ချင်နေသော်ညား မည်သို့မျှ ဆက်အိပ် မရတော့၍...။

ခဏအကြာမှာတော့ မိမိ အိပ်နေသည့်ဘေးနေရာက အိကနဲ ခံစားချက်ကြောင့် မျက်လုံး မဖွင့်ကြည့် ပေမယ့် ဘေးကို ထိုလူ ဝင်လာတာ သိလိုက်သည်။ ထိုကြောင့်ပဲ မျက်နှာချင်း မဆိုင်လိုသည့်အလား ချက်ချင်း တစ်ဖက် ကို ပြန်လှည့်ပစ်လိုက်၏...။

ဆပ်ပြာနံ့သင်းသင်း ဖြင့် သူ သုံးနေကျ ရေမွှေးနံ့က နှာဖျား ကို ကျီစယ်လာတာကြောင့် ထိုအနံ့ကိုက အစ မရချင်သလိုမျိုး နှာခေါင်းကို လက်ဖြင့်အုပ်လိုက်မိသည်။ ထိုသည်ကို အလိုက်မသိဘဲ အနောက်ကနေ ခါးကိုဆွဲဖက်လာပြီး ဘေးကိုတိုးခွေ့ ဝင်အိပ်လာရာ ... ​စိတ်တိုတို နဲ့ ထိုလက်တွေ ကို  ဖယ်ထုတ်ပစ်ကာ သူ့ကိုယ်ကြီးကို ပါ လှည့်၍ တွန်းထုတ်ပစ်သည်။

ပြီးနောက် ထိုလူ့ကို မယုံရဲသလို လှဲနေရာက သူ ထ ထိုင်လိုက်တော့ မင်းခမ်းနား ဆိုသည့်လူကလည်း သူနဲ့ အတူ လိုက်၍ ထ ထိုင်ပြီး...

"ဟာ့...ဖြေးဖြေးပေါ့...ကုတင်ပေါ် က လည်း ကိုကို ပြုတ်ကျသွားပါဦးမယ်..."

"ပြုတ်ကျရင် သေလေ..."

သူ့ စကားကြောင့် မင်းခမ်းနား က အမြင်ကပ်စရာကောင်းအောင် ခေါင်းမော့ ရယ်လိုက်ကာ...

"ဟား...ကိုကို သေရင် မင်းပဲ မုဆိုးဖို ဖြစ်ရမှာနော်... မကြောက်ဘူးလားဗျ..."

"ဘာလို့ကြောက်ရမှာလဲ ကျွန်တော် ကတော့ ဝဋ်ကြွေး ကုန်သွားတာလို့... တန်းပြီး သတ်မှတ်လိုက်မှာ..."

ခမ်းနားကမ္ဘာငယ်Where stories live. Discover now