Episode 17Z

148 5 0
                                    

Warning  18+

နောက်တစ်နေ့မနက် မှာတော့ သူတို့တစ်ဖွဲ့လုံး Hotel မှာပဲမနက်စာ စားလိုက်ကြပြီး မြို့ထဲသို့ လျှောက်လည်ကြရန် တက်ကြွစွာ ပြင်ဆင်ပြီး ထွက်လာကြသည် ။

ဒီကနေ့တော့ Hotel က ချိတ်ပေးသည့်မြို့ခံ ဦးလေးကြီးတစ်ဦး ကို ကားမောင်းပေးရန်ငှားထားတာကြောင့် မိုးဟိန်းနှင့် မြတ်နိုးကပါ ကားအနောက်ခန်းထဲ ရောက်လာကြသည်။

အားလုံးစုံသွားတော့ အဖွဲ့က ပိုတောင့်သွားတာကြောင့် တလမ်းလုံးသီချင်းဆို သူက ဆို ရယ်တဲ့ သူကရယ်ဖြင့် တလမ်းလုံး ဆူညံနေသည်မှာ သူတို့ကားတစ်စီးတည်းသာရှိနိုင်သည်။

မင်းခမ်းနား ကတော့ ထုံးစံအတိုင်း နေဘုန်းသစ် ဆီ ကို အရိပ်တကြည့်တကြည့်ဖြင့် ချွေးထွက်လာလျှင် တစ်သျှူးဖြင့်သုတ်ပေးလိုက်...ရေသောက်ရန် ရေဗူးပေးလိုက်ဖြင့် တစ်ယောက်တည်း အလုပ်ရှုပ်နေသည်။

ကလောမြို့ က ထင်းရှူးမြို့တော် လို့ တင်စားခေါ်ဝေါ်ကြသည့်အတိုင်း လမ်းဘေး တစ်လျှောက်လုံး တွင် ထင်းရှူးပင်များစီတန်းလျှက် ရှိသည်။ တောင်အတက် တောင်အဆင်း လမ်း မှ မြင်သမျှရှု့ခင်းစိမ်း တွေကလည်း စိတ်ကို အမှန်တကယ်အေးချမ်းစေ၏။

သူတို့ငှားထားသည့် မြို့ခံဦးလေးကြီး က စိတ်သဘောထားပြည့်ဝ ပုံရပြီး ဒီကနေ့မှ စတွေ့ပေမယ့် သူတို့အဖွဲ့နှင့်တန်းရင်းနှီးသွားသည်။ထို့ကြောင့်ပဲ ကလောမြို့ရဲ့ နာမည်ကြီး အထင်ကရနေရာများ ကို စုံအောင်လိုက်ပို့ပေးသည့်အပြင် နားမလည်သည့် အရာများကိုလည်း စိတ်ရှည်လက်ရှည် ဖြင့်ရှင်းပြရှာသည်။

နေ့လည်စာ စားချိန်ရောက်တော့ အားလုံးသဘောတူညီချက်အရ ဆိုင်ကြီး ဆိုင်ကောင်းတွေမှာ သွားစားမနေတော့ဘဲ ကလောမြို့ရဲ့ ဈေးထဲသို့ ဝင်ပြီး ဒေသထွက် အစားစာများ ကို တဆိုင်ဝင် တဆိုင်ထွက် ဝယ်စားကြသည်။

ထို့နောက်တွင်တော့ ရောက်သည့်နေရာတိုင်းမှာ လိုချင်တာမှန်သမျှ ကိုလည်း အလုအယက် တွေ ဝယ်ကြတာကြောင့် အလာတုန်းက လက်ထဲမှာ ဘာမှမပါပေမယ့် အပြန်ကျတော့ အထုပ်ကိုယ်စီဖြင့်...၊ မိုးချုပ်မှ သာ Hotel ကို ပြန်ရောက်လာခဲ့ကြသည်။

ခမ်းနားကမ္ဘာငယ်Where stories live. Discover now