Episode 9U

11.3K 478 44
                                    

Warning 🚫

"ကျွီ"

ကား ကို အဆင့်မြင့် ကွန်ဒိုတိုက်ခန်း တွေရှိ အဆောက်ဦးတစ်ခုရှေ့ ၌ ထိုးရပ်လိုက်သည်။ စကားပြော လို့ အဆင်ပြေနိုင်မည့် ဆိုင်တစ်ခုခု သို့မဟုတ် နေရာတစ်ခုကိုသွားမည် ထင်ထားတာကြောင့် နေဘုန်းသစ် နားမလည်နိုင်စွာ ထိုလူကြီး ကို လှည့်ကြည့်တော့ ပြုံးပြပြီး သူ့ ခေါင်းလေး ကို အသာပုတ်ကာ ကားပေါ် က ဆင်းသွားသည်။

ပြီးမှ သူထိုင်နေတဲ့ဘက်အခြမ်း က တံခါးကိုဖွင့်ပေးလာကာ...

"ရောက်ပါပြီ ဗျ ၊ ဆင်းလို့ရပါပြီ..."

"ကိုကို ဒါ ဘယ်နေရာလဲ... "

"ဟင် ကိုကို့ တိုက်ခန်းလေ...ဘာဖြစ်လို့လဲ ကလေး..."

နေဘုန်းသစ် သူ နေတဲ့နေရာဆိုသည့် စကားကြောင့် ကားအောက်ကိုဆင်းပြီး လိုက်သွားဖို့ကို ခြေထောက်တွေ က အလိုလိုတွန့်ဆုတ်နေမိသည်။

"ဟိုလေ... ကျွန်တော် တို့ စကားပြော ဖို့အတွက် က တခြားနေရာသွားလို့မရဘူးလား ဟင်"

"တခြား နေရာ ဘာလို့သွားနေမှာလဲ... ကိုကို့ဆီ မှာ ကလေး ရုပ်ရှင် ကြည့်ချင်လည်း ရတယ်... ဘာစားချင်လည်း ပြော စားချင်တာလည်း အကုန် မှာလိုက် လို့ရတယ်..."

အမှန်တော့ နေဘုန်းသစ် သူ့နေရာမှာ သူနဲ့နှစ်ယောက်ထဲ ရှိနေဖို့အတွက် စိတ်လှုပ်ရှားမိနေတာ...။ထို့ကြောင့်ပဲ ထပ်ပြီးငြင်းဆန်ဖို့ ပြင်လိုက်ရာ...

"ကိုကို က ကုမ္ပဏီ က တန်းလာတာဆိုတော့ ရေချိုးပြီး ခဏလောက်ဖြစ်ဖြစ် နားချင်ပြီ...၊ဒီနေ့ အရင်ရက်တွေထပ်လည်း ပိုပြီးပင်ပန်းတယ်..."

နေဘုန်းသစ် ရဲ့ထပ်ငြင်းမည့် စကားတွေက ထိုစကားလေးကြောင့်ပဲ အားနာသွားဟန် ဖြင့်...

"ကောင်းပါပြီ...၊ဒါဆိုလည်း ဒီမှာပဲ စကားပြောလိုက်ကြတာပေါ့..."

"ကိုကို့ ကို နားလည်ပေးလို့ ကျေးဇူးတင်တယ်နော်..."

သူ ပြုံးပြီး ခေါင်းငြိတ်ပြတော့ မင်းခမ်းနား က လက်တစ်ဖက် ကမ်းပေးလာသည်။ ရဲရဲဝံ့ဝံ ပဲ သူ့ လက် ကို ထည့်ပေးလိုက်တော့ ပြန်လည် ဆုပ်ကိုင် လာတဲ့ ထိုလူရဲ့ လက်တွေ...၊

ခမ်းနားကမ္ဘာငယ်Where stories live. Discover now