Episode 21U

9.5K 412 25
                                    

Warning 🚫 18+

"တင်း...တောင်"

"တင်း...တောင်"

အပြင်က တံခါးဘဲလ်တီး သံကြောင့် ခေါင်းစိုက်နေရာကနေ ခမ်းနား အားယူ၍ မျက်လုံးဖွင့်လိုက်သည်။ ပြီးနောက် ဒယိမ်းဒယိုင် ခြေလှမ်းတွေဖြင့် တံခါးဆီလျောက်သွားကာ ဖွင့်ပေး လိုက်တော့ တံခါးဝမှာ စိတ်ပူနေသည့် မျက်နှာ နှင့် ရပ်နေ သည့် ဇေယျာ...။

"မင်းက ဒီမှာ ငါရှိမှန်းဘယ်လိုသိတာလဲ..."

ဇေယျာက သူ မေးနေတာကို ပြန်မဖြေဘဲ မကျေမနပ်မျက်နှာဖြင့်တစ်ချက်ကြည့်ကာ  အထဲကို တန်းဝင်သွားသည်။ သူ ထိုကောင့်အ နောက်က လိုက်လာ ခဲ့ပြီး ဇေယျာ ထိုင်နေသည့် ဘေးခုံပေါ် ဝင်ထိုင်လိုက်သည်။ ထို့နောက် စားပွဲပေါ် က စီးကရက်ဗူး ကိုလှမ်းယူပြီး တလိပ်ထုတ်ကာမီးညှိ၍ဖွာလိုက်သည်။

ဇေယျာ မိမိ ရှေ့ကကောင်ရဲ့ ဖြစ်ပျက်နေသည့် ပုံစံကိုကြည့်ကာ တရားရနေသလိုမျက်နှာပေးဖြင့် ခေါင်းရမ်းရင်းသက်ပြင်းချမိသည်။

အဝတ်အစား က  ဖရိုဖရဲ ဆံပင်တွေ ကလည်း ဘုတ်သိုက်ဖြင့် လူကလည်း အမြဲသောက်နေသည့် ပုံရကာ ဝင်လာကတည်း က တန်းမြင်နေရသည် က ကြမ်းပြင်ပေါ်မှာ ပြန့်ကျဲနေသည့် အရက်ပုလင်း အလွတ် တွေ...

"ဟူး.."

အသည်းကွဲမှ လာမငိုပြနဲ့ လို့ အမြဲစနောက်ခဲ့ပေမယ့် ကိုယ့် ကောင်ကို ဒီလိုမြင်ရတော့လည်း ဇေယျာ ရင်ထဲမကောင်းပါ ...။ ဒီကောင်လေးနှင့် ပြန်ပြီး အဆင်ပြေနေ၍ ယခု ပုံမျိုးကိုထပ်မမြင်ရတော့ဘူးထင်နေခဲ့တာ...ခမ်းနား ကို အချစ်ကြောင့် ပြိုလဲ နေ တဲ့ပုံနှင့်မြင်ရတာ ဒါနဲ့ဆို ဒုတိယအကြိမ်မြောက်...မပြောင်းလဲသွားတာက ပြိုလဲအောင် လုပ်နိုင်ခဲ့တဲ့ နေဘုန်းသစ်ဆိုသည့်ကောင်လေးပဲ...

သို့ပေမယ့် ဒီတစ်ကြိမ်တော့ ပို၍အထိနာသွားသည်ထင် ဘယ်သူ့ကိုမှမဆက်သွယ်ဘဲ ပျောက်နေတာ ၁၀ရက်လောက်ရှိပြီမို့ သူတို့မှာ နေကုန်နေခမ်း လိုက်ပတ်ရှာနေရခြင်းကြောင့်...။

"မင်း ဒီအတိုင်းကြီးပဲ နေတော့မှာလား အလုပ်ထဲ ကို လည်းမသွား ကုမ္ပဏီက လူတွေလည်း မင်းပျောက်နေလို့ ယောက်ယက်တွေခတ်နေကြတာ..."

ခမ်းနားကမ္ဘာငယ်Where stories live. Discover now