Episode 3U

14.6K 522 6
                                    

မနက်ခင်း နေ က ပြတင်းတံခါး ကို ကျော်ပြီး မျက်နှာ ကို ဖြန့်ကျက်လာတော့ အိပ်ယာ ပေါ်တွင် ပေတေပြီး ဆက်အိပ်လို့ မရတော့ ပေ....။ဒီနေ့တော့ ကျောင်းပိတ်ရက် မို့ နောက်ကျသည်အထိ အိပ်ပစ်မိသည်။ မေမေ လည်း ကျောင်းပိတ်ရက် မို့ အိပ်ယာ က တမင် လာ မနှိုးခဲ့သည် ထင်...။

အပြင်းကြော တချက် ဆန့်ပြီး ထလိုက် ကာရေချိုးခန်း ဝင် ပြီး လန်းသွားအောင် ရေချိုးချ လိုက်သည်။

ဒီနေ့ အထူးတလည် လုပ်စရာလည်း မရှိသည်မို့ ထုံးစံအတိုင်း မိုးဟိန်း ဆီသွားပြီး သီချင်း ဆို ဂစ်တာ တီးမည် ... ပျင်းလာလျှင်အပြင် သွားကြမည် ။

ရေချိုးပြီး သူ့ရဲ့ favorite color ဖြစ်သော စိမ်းပုပ်ရောင် တီရှပ်လေး ကို Crop pant အညို ဖြင့် တွဲဝတ်ကာ ဆံပင်ခပ်အုပ်အုပ်ကိုတော့ ဒီတိုင်းပဲချ ထားလိုက်သည် ။ မျက်နှာ ကိုတော့ လိမ်းနေကျဖြစ်တဲ့ Cream အား လိမ်း လိုက်ပြီး....မပါမဖြစ်တဲ့ ချိုချဥ် နံ့ ခပ်သင်းသင်းရသည့် ရေမွှေး အား စွတ်ပြီး ပြင်ဆင်ခြင်း ကို အပြီးသတ်လိုက်သည်။

သူက ရေမွှေး ဆို အနံ့ပြင်း တာတွေ နဲ့ သိပ်မတည့် အီလည်လည်နဲ့ခေါင်းမူး တတ်၍...။ ယခုလို ခပ်သင်းသင်း နဲ့ ချိုချဥ်နံ့လေး တွေလောက် သာ အမြဲသုံးဖြစ်သည်။

ရေမွှေး အကြောင်း စဥ်းစားမိကာမှ မနေ့က လူကြီး အကြောင်းက ခေါင်းထဲ သို့ အလိုလိုရောက်လာသည် ။ အနံ့ပြင်းတာတွေ သဘောမကျတတ်ပေမယ့် သူ့ ဆီက ရမိတဲ့ကိုယ်သင်းနံ့ နဲ့ ရောနေသည့် ရေ​မွှေးနံ့ကိုတော့ သဘောကျသလို​ ဖြစ်မိသည် ။

ပြန်စဥ်းစားမိတော့ မနေ့က လို ပြန်ပြီး ရင်ခုန်လာရသလို... ပြီးနောက် သူ့အနားသို့ကပ်ကာ  ခပ်တိုးတိုး ဖြင့် ပြောခဲ့သော "ကိုကိုလွမ်းရင် ဖုန်းဆက်လို့ရတယ်မို့လား" ဆိုတဲ့စကား...ထိုစကားအား ပြန်ကြားယောင်မိတော့...

ခေါင်းရင်းက ဖုန်းကို အပြေးလွှား ရှာကာ ယူ ကြည့်မိသည် ။ သူ က အိပ်ရင် ဖုန်းကို အမြဲအသံပိတ်ပြီး အိပ်တတ်သူ မို့ ညက ဖုန်းတွေဘာတွေ ခေါ်ထားလား တွေးမိလိုက်၍....။

သို့ပေမယ့် ဖုန်း Screen ပေါ်မှာ နံပါတ်စိမ်းနဲ့ မက်ဆေ့တစောင်တောင် မတွေ့မိပါ။ ဘာ​ကြောင့်ရယ် သေချာမသိပေမယ့် နေဘုန်းသစ် စိတ်ထဲမှာတော့ တခုခုကို အလိုမကျသလိုခံစားမိသွားရကာ ထို ဖုန်းကိုမွေ့ယာပေါ် ပြန်လည်ပစ်တင်လိုက်သည်။

ခမ်းနားကမ္ဘာငယ်Where stories live. Discover now