Episode 23Z

107 4 0
                                    

ဦးကျော်ဆွေ စိတ်ထဲမှာ လွတ်လပ်ပေါ့ပါးသွားရခြင်းကဘာနဲ့မှမတူပါ။ သူ ဒီ ကလေးအပေါ်ကို တောင်းပန်ခွင့်ရခဲ့ ပြီ။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ခွင့်လွှတ်နိုင်ပါစေဆိုတာကိုတော့ ဆုတောင်းရုသာ တစ်လျှောက်လုံး ထမ်းပိုး ခဲ့တဲ့ ဝန်က ပခုံးပေါ် က ပြုတ်ကျသွားသလိုပင်...။

အခုတော့ အပြစ်မကင်း သည့် စိတ်နဲ့အိပ်ခဲ့ရတဲ့ညတွေလည်း အနည်းငယ်တော့ လျော့သွားမှာပါလို့ မျှော်လင့်မိသည် ။

"သူဌေး အိမ်ကိုပဲ တန်းမောင်းလိုက် ရမလား"

ဒရိုင်ဘာ ရဲ့စကားသံကြောင့် အတွေးစတို့ ပြတ်တောက်သွားရကာ...မှီထိုင်နေသည့် ကိုယ်ကိုအနည်းငယ် မတ်၍ ပြင်ထိုင်လိုက်သည်။ စိတ်ထောင်းလို့ ကိုယ်ကျေဆိုသည့်စကားအတိုင်း ဒီရက်ပိုင်းတွေမှာ သိသိသာသာ ကျန်းမာရေး ညံ့ဖျင်းလာတာကိုယ့်ကိုယ်ကို သာသိသည်။ ဒါကြောင့်ပဲ လုပ်ခဲ့မိသမျှအမှားတွေအတွက် နောင်တစိတ်ကပိုဖြစ်မိရတာ...။

"အိမ်ကို မမောင်း နဲ့ ဦး...၊ မင်းခမ်းနား တိုက်ခန်း ကို မောင်းလိုက်ပါ"

"ဟုတ်ကဲ့ပါ သူဌေး..."

မင်းခမ်းနား က သူ့ကိုဘယ်လိုပင်စိတ်ဆိုး၍ ရှောင်နေပါစေ... သူကတော့ တူဖြစ်သူကို ဖြစ်ချင်ရာဖြစ်ဆိုပြီး ပစ်မထားနိုင်ပါ။ အမှန်ဆို သားလေး အခုလိုသူ့အပေါ်စိတ်ဆိုး နေရလောက်အောင်လည်း သူက အပြစ်ရှိခဲ့သည် မဟုတ်လား...။ လုပ်ခဲ့မိသမျှ အပြစ်တွေကို သားဆီမှာ ဝန်ခံသင့်တာဝန်ခံ ၊ ရှင်းပြသင့်တာရှင်းပြပြီး ခွင့်လွှတ်မူ့ ကို တောင်းခံချင်သည်။ မိမိ အပေါ်ကို အကြာကြီးစိတ်ဆိုးပြီး သားကို ငရဲ မရစေချင်ပါ။

ထိုနောက်မှာတော့ ကားလေး ရဲ့ ဦးတည်ရာက မင်းခမ်းနား ရဲ့ တိုက်ခန်းဆီသို့...။

"တင်း...တောင်"

တံခါးဘဲလ် တီး သံကြောင့် ဆိုဖာ ခုံရှည်ပေါ်မှာ မှောက်ခုံ လှဲ အိပ်နေရာမှ ထ ကာ တံခါးသွားဖွင့်ပေးလိုက်သည် ။ သူတွေးထားတာက ဇေယျာ သို့မဟုတ် မင်းသန့်ဖြစ်နိုင်သည်ဟု...။ သို့သော်လည်း တံခါးအဝမှာရပ်နေသူက သူတွေးထားသလို ဇေယျာ လည်း မဟုတ်သလို မင်းသန့်လည်းဟုတ်မနေခဲ့...။

ခမ်းနားကမ္ဘာငယ်Where stories live. Discover now