Episode 30 (End)

20.9K 486 31
                                    

5 နှစ်ခန့်အကြာ...

"ဦးနေ... မပြီးတေးဝူးလား"

အပြင်ဘက်ဆီ က အသံစူးစူးလေးကြောင့် ဝတ်လက်စ အိင်္ကျီကို အမြန်စွတ်ချလိုက်ကာ...

"ဟေ... ပြီးပြီ သမီးလေး ဦးနေ လာမယ်နော် ခဏလေးပဲ "

အနားမှာတောက်တဲ့ တစ်ကောင်လို ကပ်နေသည့် မင်းခမ်းနား ကိုယ်ကြီးကို တွန်းထုတ်ပစ်လိုက်ပြီး...

"ခင်ဗျား...ဖယ်တော့ အရှေ့မှာ ကလေးအော်ခေါ်နေတာ ကြားလား"

မနေ့က မိုးဟိန်း နဲ့ မြတ်နိူးတို့ရဲ့သမီးလေး နိူရာမြတ်နိူး ရဲ့ 4 နှစ်ပြည့် မွေးနေ့ဖြစ်ရာ မွေးနေ့လက်ဆောင်အဖြစ် ဒီကနေ့ကို မြို့အနှံ့လျှောက်ပို့ပေးမယ်ဟု ကတိခံထားခြင်းဖြစ်သည်။ထို့ကြောင့်ပဲ မိုးဟိန်း က မနက်အစောကတည်းက ကလေး ကို တိုက်ခန်းမှာဝင်ပို့ ပေး သွားသည်။

အပြင်သွား ဖို့ အတွက် ကိုယ်က ရေချိုးပြင်ဆင် တုန်း မင်းခမ်းနား ဆိုသည့်လူက ကလေး နဲ့ သွား မနေဘဲ ​အနောက် က တကောက်ကောက်လိုက်နေတာ ခွာမရ ။

လူကို ဟိုနမ်းလိုက် သည်နမ်းလိုက်ဖြင့် လုပ်နေတာကြောင့်လည်း ပြင်ဆင်ခြင်း က ရှေ့ကိုမရောက်နိုင်...။

"ရွှတ်....ပါးလေးကလည်း အရမ်းမွှေးတယ်"

"ရွှတ်....နဖူးလေးကလည်း မွှေးပြန်တာပဲကွ"

"နူတ်ခမ်းလေး ကရော ဘယ်လိုနေလဲ...ကိုကို သိချင်တယ်..."

မိမိ နူတ်ခမ်းဆီ ထပ်နမ်းဖို့ရွယ်နေသည့် မျက်နှာကြီး လက်ဖြင့် တွန်းပစ်လိုက်သည်။ ဒီလူ့ကို အလို လိုက်မိလျှင် နမ်းရုံနဲ့မပြီးတော့ဘူးဆိုတာ သူ သိနေသည်။

"ခင်ဗျားနော် အပြင်မှာ ကလေး တစ်ယောက်တည်း လို့ ပြောနေတဲ့ဟာကို... ဒီမှာ အဝတ်အစားလဲနေတာလည်း ရှေ့မရောက်တော့ဘူး အခုအပြင်ထွက်..."

"ကိုကို TV ကနေ ကာတွန်းကား ဖွင့်ပြထားတာပဲကို... သူ့ဘာသူ TV ကြည့်နေမှာပေါ့ကွာ...ထားလိုက်ပါ..."

ပြောရင်းနဲ့ အကြည့်တွေက ဘောက်ဆာ လေးသာ ဝတ်ရသေးသည့် နေဘုန်းသစ် အောက်ပိုင်းဆီသို့ရောက်လာတာကြောင့်...ထိုလူ့အကြည့်ကို ရိပ်မိသည့်အလား...

ခမ်းနားကမ္ဘာငယ်Where stories live. Discover now