"Ring..Ring"
ဖုန်းသံကြောင့် ခမ်းနား လန့်နိုးသွားသည်။ ထ ကိုင်ဖို့ ပြင် လိုက်တော့ ရင်ခွင်ထဲမှာ သူ့ကိုတင်းကြပ်စွာ ဖက်ထားသည့် ကောင်လေး...။ မနက်ခင်းနိုးထ လာသည့်အချိန် တန်းမြင်ရသည့်မျက်နှာလေးက ချစ်ရသူလေးဖြစ်နေတာလောက် စိတ်ချမ်းသာဖို့ကောင်းတာမရှိ...။
နဖူးလေး ကို ဖိနမ်းကာ သူ့ကိုဖက်ထားသည့် လက်ကို အသာဖယ်လိုက်ပြီး ဖုန်း ထ ကိုင်ဖို့ပြင်လိုက်သည်။
ဖုန်းကိုကြည့်လိုက်တော့ မိုးဟိန်း နာမည်နှင့်အတူ Missed Call ပေါင်းမြှောက်များစွာ...ရှိနေသည်။
"အင်း...ပြော ညီလေး"
"ကိုခမ်းနား ကျွန်တော် တံခါးဘဲလ်တီးနေတာကြာပြီ မနိုးလို့ ဖုန်းဆက်လိုက်တာ... ကျွန်တော်တို့ သွားကြတော့မယ်လေ အတော်တောင် နောက်ကျနေပြီ"
ထိုအခါမှ စားပွဲပေါ်မှာ ချွတ်တင်ထားသည့် နာရီကို ယူ ကြည့်မိလိုက်ပြီး...
"အာ... ဟုတ်သားပဲ ခဏလေးနော် အကို ပြီးရင် ပြန်ပြောမယ်..."
ပြောချင်ရာပြောပြီး ချသွာသည့်ဖုန်းလေးကိုကြည့်ပြီး သူတို့အုပ်စုကတော့ အခန်းရှေ့မှာ မတ်တပ်ရပ်လျှက်ရှိနေသည်။မြတ်နိုး က မိုးဟိန်းခါးကို တံတောင်ဖြင့် အသာတွက်ကာ...
"ဘာတဲ့လဲ နိုးပြီလား"
"မသိဘူး ခဏနေ ပြန်ပြောမယ်တဲ့..."
"ဟာ...ကိုကိုကလည်း...နောက်ကျနေပါပြီဆိုတာ"
တံခါးဘဲလ်ကိုထပ်တီးဖို့ပြင်နေရသည့် မြတ်နိုးရဲ့လက်တွေက မိုးဟိန်းဖုန်းသို့ထပ်ဝင်လာသည့် မင်းခမ်းနား ၏ အဝင်ကောလေးကိုမြင်မှရပ်သွားသည်။
"ဟုတ်ကဲ့ ... ပြောပါ ကိုခမ်းနား"
"အေး...မိုးဟိန်း... ဒီမှာ နေဘုန်းသစ်က အခုမှ ကောက်ကာငင်ကာ ထ ဖျားနေလို့ မလိုက်တော့ဘူးတဲ့... ညီလေး တို့ ပဲသွားလိုက်တော့နော်..."
"ဗျာ...အဲ့ကောင် ညက အကောင်းကြီးကို ...အလကား အစောထ ရမှာပျင်းလို့ လျှောက်ပြောနေတာ ရအောင်နှိုးလိုက် ကိုခမ်းနား"
တဖက်က ထင်ကြေးနဲ့ ပြောချင်ရာတွေစွတ်ပြောနေသည့်မိုးဟိန်းကြောင့် သူ မနေတတ်သလို မျက်ခုံးကိုတစ်ချက်ကုတ်လိုက်ပြီး...
YOU ARE READING
ခမ်းနားကမ္ဘာငယ်
Romanceအမုန်းတရားပြိုင်ရင်မင်း နိူင်ပြီး ချစ်ခြင်းတရားပြိုင်ရင်တော့ ကိုယ်ကအမြဲအရှုံးပေးပါ့မယ်.... #မင်းခမ်းနား#