Episode 19U

9K 374 11
                                    

Aircon အရှိန်ကြောင့် အခန်းအတွင်းက အေးစက်နေပေမယ့် သူကတော့ရင်တွင်းအပူကြောင့် အလိုလို မအေးချမ်းနိူင်...။ ချစ်လားဆိုသည့် စကားနောက်မှာ အဖြေမရှိခဲ့လျှင်... ဘာကြောင့်ဆိုတာသေချာပေါက် ထပ်မေးရမည် ဆိုပေမယ့် သူ မမေးရဲခဲ့...။ ဒီကောင်လေးနူတ်က ပြန်ဖြေလာမည့်စကား က သူ့ရင်ကိုအစိမ်းလိုက်ခွဲမယ့် ဓားဖြစ်နေခဲ့လျှင် သူ သေသွားနိုင်သည်။

နောက်ဆုံးတော့ သိလိုသည့်မေးခွန်းပေါင်းများစွာကို ရင်ထဲမှာပဲ ပြန်လည်မျိုသိပ်ကာ ထိုကောင်လေးဘေးကိုဝင်လှဲလိုက်သည်။ သူ့ကို အားနာသည့်မျက်ဝန်းလေးတွေဖြင့် ငေးနေတာကြောင့် ထိုမျက်ဝန်းလေးတွေ ကို တစ်ချက်ဖိနမ်းလိုက်ကာ... ကိုယ်လုံးလေးကို ရင်ခွင်ထဲ သို့ တင်းကျပ်စွာ ဆွဲဖက်လိုက်သည်။

သူ ဒီကောင်လေးကို ဘယ်သောအခါမှ  လက်လွှတ်ပေး နိူင်မည်မထင်မိပါ။ သူငယ်ချင်းတွေ အားလုံး ပြောသလို သူဟာ ဝဋ်လည်ခဲ့မည် ဆိုလျှင်တောင် အဲ့ဒီ့ ဝဋ်ကြွေးလေး က ကလေး ဖြစ်နေလို့ ကျေနပ်နေဦးမှာ...။

"ကိုကို"

"ဗျာ"

"ကိုကို ဘာဖြစ်လာတာလဲ... ကျွန်တော့်ကိုပြောလို့ရမလား...ကိုကို့ပုံစံကို ကြည့်ရတာ တခုခုဖြစ်နေတာသေချာတယ်..."

".............."

ကလော ကို သွားကြသည့် နေ့တုန်းက မျိုးမြင့်ဇော် ဆီက ချစ်သူရှိခဲ့လားဆိုသည့်မေးခွန်း ကို ဒီကောင်လေးက အချိန်တန်ရင်သိမှာပေါ့ကွာဟူ၍ ပြန်ဖြေလိုက်သည့် စကားက... နားထဲမှာပြန်ကြားယောင်လာတာကြောင့်...သူထုတ်မမေးရဲတော့ပါ။

"ဘာမှမဖြစ်ပါဘူး...ကလေး အိပ်ချင်ရင် အိပ်တော့နော် ကိုကို က ဒီတိုင်းလေးပဲ ဖက်ထားချင်လို့ ..."

"တကယ် ဘာမှမဖြစ်ဘူးပေါ့...ကျွန်တော့်ကို မပြောချင်တဲ့ အကြောင်းအရာ ဖြစ်နေလို့လား"

"မဟုတ်ပါဘူး တကယ် ပြောတာ...ကိုကို ဘာမှမဖြစ်ဘူး..."

မင်းခမ်းနားက ပြောရင်းနဲ့ သူ့ကိုယ်လေးကို မချင့်မရဲ တစ်ချက်ဖျစ်ညှစ်ကာ...

"ကလေး ကို အနားမှာ ဖက်ထားနေရင်း တောင်လွမ်းတယ် သိလား... အရင်ကကြားဖူးနေကျ စကားရှိတယ် ... မြင်နေရရင်တောင် လွမ်းတယ်... ဆိုတာလေ...ကြားဖူးတယ်မှတ်လား"

ခမ်းနားကမ္ဘာငယ်Where stories live. Discover now