" ဝုန်း"
"ခင်မမ"
တံခါး ကို ရုတ်တရက် ဆောင့်တွန်း ကာ ဖွင့်လိုက်သံနှင့်အတူ...တစပ်တည်းကြားလိုက်ရသည့် ဦးဘုန်းသစ် ၏ အော်သံ....
"မင်း က ငါ တွေးထားသလိုပါပဲလား... အရှက်မရှိလိုက်တာ...ကိုယ့် သားလေး မျက်နှာကို မှ မထောက် ဒီယောကျာ်းရှေ့မှာ မင်းက ဒူးပါထောက်ပြီး တောင်းပန်နေရတယ်ပေါ့ ဟုတ်လား..."
ဒေါ်ခင်မမ အံ့သြစိတ်ဖြင့် အလန့်တကြား ထ ထိုင်လိုက်မိသည်။ ဦးဘုန်းသစ် သူမ ကိုကြည့်နေသည့် မျက်ဝန်းတွေက ရွံရှာဖွယ်အတိ...။
"မဟုတ်ဘူး ကိုဘုန်းသစ် ရှင်ထင်နေသလိုမဟုတ်ဘူး...ကျွန်မပြောမယ်"
ဦးဘုန်းသစ် က သူမ ကိုင်ဆွဲထားသည့် လက်ကို ဆောင့်ရုန်းပြီး ဖယ်ချပစ်သည်။ ကိုယ့်ရဲ့အရင်းနှီး လို့သတ်မှတ်ထားသည့် ခင်ပွန်းဖြစ်သူက ယခုလိုပြုမူလိုက်တာကြောင့် ဒေါ်ခင်မမ ရင်ထဲကစစ်ကနဲ နာကျင်မိသွားသည်။
"မပြောနဲ့တော့... ငါ့ကို ဘာဆို ဘာမှ မပြောပါနဲ့တော့ကွာ .... ဟုတ်ပြီလား အခု ငါတို့ကြုံနေရတဲ့ ပြဿနာကို ဒီမှာပဲ တစ်ခါထဲ ဖြေရှင်းမယ် မင်းကအခု မင်းရဲ့ငယ်ရည်းစားနဲ့အတူ ပြန်နေချင်တယ်မို့လား"
ဒေါ်ခင်မမ အထင်သေးရက်လေးခြင်းဆိုသည့်စိတ်ဖြင့် ခင်ပွန်းဖြစ်သူရဲ့မျက်နှာကို ကြည့်ကာ ခေါင်းရမ်းလိုက်မိသည်။ ဦးဘုန်းသစ်က ဘာမှမပြောသေးနဲ့ဦး ဆိုသည့် ပုံနဲ့လက်ကာပြလိုက်ပြီး ဦးကျော်ဆွေ ဘက်ကိုလှည့်ကာ..
"ခင်ဗျားလည်း ကျုပ်ကို အဆုံးထိ လိုက်ပြီး ဆွဲချ နေခဲ့တာ ခင်မမ ကို ခင်ဗျား အနားပြန်လာအောင် လို့ ဟုတ်တယ်မို့ လား..."
ဦးကျော်ဆွေ က မှန်သည် မှားသည် ဘာတစ်ခွန်းမှ မဖြေရှင်းဘဲ ဦးဘုန်းသစ် ကို ခနဲ့ပြုံးဖြင့်သာကြည့်နေသည်။ထို့ကြောင့်ပဲ တိတ်ဆိတ်နေခြင်း က ဝန်ခံခြင်း လို့ ဦးဘုန်းသစ် ကောက်ချက်ချလိုက်ပြီး ဒေါ်ခင်မမ ဘက် ကိုပါ တချက်လှည့်ကြည့်ပြီး ခပ်မဲ့မဲ့ပြုံးကာ ခေါင်းညိတ်သည်။
ဒေါ်ခင်မမ က မတုန်မလှုပ် ပုံစံဖြင့် ရှိနေသည့် ဦးကျော်ဆွေ ကို လက်မောင်းကို ဆွဲလွှဲပစ်ကာ...
YOU ARE READING
ခမ်းနားကမ္ဘာငယ်
Romanceအမုန်းတရားပြိုင်ရင်မင်း နိူင်ပြီး ချစ်ခြင်းတရားပြိုင်ရင်တော့ ကိုယ်ကအမြဲအရှုံးပေးပါ့မယ်.... #မင်းခမ်းနား#