Episode 16Z

133 7 0
                                    

"ကိုကို က လည်း လိုက်ခဲ့ပါဆို"

ဘေးကနေ တဂျီဂျီနဲ့ပြောရင်း ပတ်လိုက်နေသည့် မြတ်နိုးကြောင့် လုပ်နေသမျှ အလုပ်က မတွင်ကျယ်... ရုံးခန်းအရှေ့ကိုသွားတော့ ရုံးခန်းအရှေ့အထိ လိုက်လာသည် အထဲကို ပြန်ဝင်လာတော့ အထဲအထိပြန်လိုက်လာပြန်သည် ။ထို့ကြောင့်ပဲ စားပေါ်က ကွန်ပျုတာကို ပိတ်ပစ်လိုက် ပြီးနောက်...

"ကိုကို ဒီရက်ပိုင်း အတွင်း ကို မအားဘူးလို့ ပြောနေတယ်လေကွာ... ကလေးလည်းမဟုတ်ဘဲနဲ့ ဘာလို့ဇွတ်ကျနေတာလဲ..."

ငယ်စဉ်ကတည်းက စိတ်ဆိုးနေလျှင်တောင် စကားကိုမာမာထန်ထန် မပြောရက်ခဲ့သည့်ကလေး မလို့ စိတ်မရှည်ပေမယ့် ခမ်းနားလေသံကိုအတတ်နိုင်ဆုံးထိန်းပြောလိုက်သည်။

"အကြာကြီး မှ မဟုတ်တာ ရက်အနည်းငယ်လောက်လေးပဲကို ကိုကိုကလည်း...လေးဆွေ ကလည်း လိုက်သွားဖို့ခွင့်ပြုထားတဲ့ဟာကို..."

ဒီကောင်မလေး က သူမပြောနေသည့် စကားအရ ဦးလေး ဆီကိုတောင် သွားပြီးခွင့်တောင်းပြီးသည့် သဘောမှာရှိသည်။

"ဟန်းနီးမွန်း ခရီးစဉ် လို သွားမှာပဲကို မြတ်နိုးရယ်... နှစ်ယောက်တည်း သွားမှ ပျော်စရာကောင်းမှာပေါ့... ကိုကို က ကြားထဲ ကနေ ကန့်လန့် ကန့်လန့် နဲ့ မလိုက်ချင်ပါဘူးကွာ..."

မြတ်နိုး တို့ ဇနီးမောင်နှံ က ကလောမြို့ကိုအလည်အပတ် ခရီးစဉ် သွားကြမှာ ဖြစ်သည်။ မြတ်နိုး သည်လည်း ယောက်ကျားဖြစ်သူ က ကိုခမ်းနား ကို ပါအောင် ခေါ်ခဲ့ပေးပါ မိန်းမ ရယ် ဟု အကူညီတောင်းထား၍ ကိုကို့ ကို မလိုက်မချင်း ဇွတ်ခေါ်နေခြင်းဖြစ်၏။

"ကိုကို က လည်း ကိုကိုတစ်ယောက်တည်းဖြစ်မှာ ဆိုရင်တော့ မြတ်နိုး ကခေါ်ပါ့မလား...အခုက သူ့ သူငယ်ချင်းတွေ ရော ပါမှာ အကုန်လုံး အပျော်ခရီး သွားကြသလို စုသွားကြမှာဆို..."

မင်းခမ်းနား က ထိုစကားကို ကြားမှ အလုပ်စားပွဲပေါ်ကနေ ခေါင်းထောင် ကြည့်လာကာ...။ ကျောကိုလည်း ခပ်မတ်မတ်အနေအထားနှင့် ပြင်ထိုင်လိုက်ပြီး...

"ဟင်..သူ့ သူငယ်ချင်းတွေဆိုတာ က မိုးဟိန်း ရဲ့ သူငယ်ချင်း တွေကို ပြောတာလား..."

ခမ်းနားကမ္ဘာငယ်Where stories live. Discover now