Episode 14Z

95 5 0
                                    

နေဘုန်းသစ် ပြန်လာပြီကြား ၍ ဖေဖေ့ ကုမ္ပဏီ က ရှယ်ယာဝင်တွေ အကုန်နီးပါး အိမ် ကို ရောက်လာကြပြီး ငွေရေးကြေးရေး နှင့် ပတ်သတ်ပြီး ရ စရာရှိတာတွေ ပေးစရာရှိတာတွေ ရှင်းလင်းကြသည်။

ဒီအကြောင်းအရာ တွေဆိုတာ အစကတည်း က သူ နားမလည်သည့် ကိစ္စတွေ ဖြစ်နေ၍ နေဘုန်းသစ် က သူတို့ပြောသမျှ သာ လက်ခံပေးရုံ။

နောက်ဆုံးမှာတော့ ဖေဖေ ရှိစဉ်ကတည်း ကဖေဖေနှင့်ရင်းနှီး ကြသည့်ရှယ်ယာ ဝင်အချို့က သူ့ကို သနားညှာတာသောအားဖြင့် ဖေဖေ့ ပိုင်ဆိုင်မူ့ထဲက တချို့တဝက်ကို ငွေသားနှင့် ပြန်လည်ထုတ်ပေးခဲ့ကြသည်။ နေဘုန်းသစ် ကတော့ ထိုအရာတွေပေါ်မှာ ဘာကိုမှ မမျှော်လင့်ထား၍ ယခုလို ခွဲဝေပေးသွားသည်ကိုပဲ ကျေးဇူးတင်မိရသည်။

ထိုသို့ရရှိလိုက်သည့် ပိုက်ဆံ နှင့် သူ သွားလို့လာလို့ အဆင်ပြေရုံ ဈေးသင့်တဲ့ ကားတစ်စီးဝယ်လိုက်သည်။ ကျန်ရှိသည့် ငွေတွေ နဲ့ မေမေ့ ရဲ့ ပိုးထည်တိုက် ကို ပြန်ရောင်းလိုက်ပြီး ရရှိတဲ့ငွေ နဲ့ပေါင်းပြီး သူ ရှေ့ဆက်ဖို့ တစ်ခုခုလုပ်မည်။

အန်တီ က သူမ ဆီကို ပြန်လာခဲ့ဖို့ တတွတ်တွတ် ခေါ်နေ ပေမယ့် သူ မပြန်ချင်ပါ ။ ရစရာရှိတဲ့ အကြွေးတွေကိုတော့ ယူရဦးမည် ဖြစ်သည်။

သူ ဒီကနေ့ မိုးဟိန်း နဲ့ မနက်ပိုင်း ကို တွေ့ဖို့ချိန်းထားပေမယ့် ဖေဖေ့ ကုမ္ပဏီ က လူတွေနဲ့ တွေ့နေရပြီး မအားလပ်သောကြောင့် ညနေဘက် ကို ပြောင်းချိန်းလိုက်ရ၏။

ဆုံကြမည့် နေရာကိုလည်း မင်းခမ်းနား အမြဲသွားတတ်သည့် Royal club ကို ပဲ တမင် ချိန်းထားလိုက်သည်။ပြီးနောက် မိုးဟိန်း ကို ထပ်မှာလိုက်သည် က ထိုလူ့ ကို အပါခေါ်ခဲ့ဖို့...။အမှန်တော့ ထိုလူနှင့် ပြန်ဆုံကြသည့် ပထမ ဦးဆုံး တွေ့ဆုံမူ့ မှာ သူတစ်ယောက်ထဲဆို အယောင်ယောင် အမှားမှား ဖြစ်နေမှာစိုးတာကြောင့်... မိုးဟိန်း ရှိနေရင် အနည်းငယ်တော်သေးသည် ဟု တွေးမိ၍။

သူ Style pant အဖြူရောင် ကို အညို ပေါ်မှာ အဖြူစင်း တွေပါသည့် ရှပ်အိင်္ကျီ လက်တိုအပျော့သား ဖြင့် ပေါ့ပေါ့ပါးပါး တွဲဝတ်လိုက်သည် ။ အရင်က နဖူးပေါ် ခပ်အုပ်အုပ် ကျနေတတ်သည့် ဆံပင်များ က အခုဆို အနည်း ငယ်ရှည်သည့် ပုံဖြင့် အလည်ကွဲ ကိုပုံစံကျအောင် တမင် ပုံဖော်ကာ ညှပ်ထားသည်။

ခမ်းနားကမ္ဘာငယ်Where stories live. Discover now