Episode 8U

10.3K 533 25
                                    

"ဒုန်း!

"ခလွမ်း..."

ဦးဘုန်းသစ် ဒေါသအလျှောက် ပစ်ပေါက်လိုက်တဲ့ သူတို့နှစ်ဦးရဲ့ မင်္ဂလာဦး ပစ္စည်းတွေက ကြမ်းခင်းပေါ်မှာ ကျေမွပျက်စီးလျှက်။ ဒေါ်ခင်မမ ကြည့်ရင်း ရင်နာမိသည် ။ခင်ပွန်းဖြစ်သူ၏ တခုချင်းပစ်ခွဲလိုက်တဲ့ ပစ္စည်းတွေနှင့်အတူ သူမ ရင်ထဲမှာလည်း ကွဲကျေ လျှက်...။

"ရှင်... မဆိုင်တဲ့ပစ္စည်းတွေကို ဘာလို့ ဖျက်စီးပစ်နေတာလည်း ကိုဘုန်းသစ် လူကြီးလူကောင်းမဆန်လိုက်တာ ရှင်... စိတ်တို ဒေါသ ထွက်နေရင် စကားလုံးချင်းယှဥ် ပြောလို့ရတယ် ဘာကိုမကျေနပ်တာလဲ.. ဘယ်လိုဖြစ်စေချင်တာလဲ... "

"အေး ဘာကို မကျေနပ်လဲ ဆိုရင်တော့ မင်းနဲ့လက်ထပ်ခဲ့မိတဲ့ ငါ့ကိုယ်ငါပဲ..."

"ဟွန်း..."

ဦးဘုန်းသစ်က ​ပြောရင်း မျက်နှာကို နာနာကျင်ကျင် မဲ့ချပစ်သည်။

"ငါကိုယ်ငါ အသုံးမကျတဲ့ကောင် အရည်အချင်းမရှိတဲ့ကောင် လို့ အမြဲ သိမ်ငယ်စိတ် ဝင်ခဲ့ရတာ မင်းနဲ့ လက်ထပ်ပြီး ထဲက ပဲ..."

"မဆိုင်လိုက်တာ ရှင်..."

"ဆိုင်တယ်...လုံးဝ ကိုသက်ဆိုင်နေတာ ... အခုတော့ ငါ့မှာ အောက်လက်ငယ်သားတွေရဲ့ ပါးစပ်ထဲမှာတောင် ဘာကိုမှ မစွမ်းဆောင်နိူင်တဲ့ လူပေါ ကြီး တယောက် လို ၊ခပ်ညံ့ညံ့ ကောင်တယောက်လို...  "

ဦးဘုန်းသစ် ပြောရင်း စိတ်မောသလိုအနားရှိထိုင်ခုံပေါ် ဝုန်းကနဲ ထိုင်ချသည်။

"ရှင်ဘယ်လောက် ပဲ မကျေနပ်ပါစေ ဦးတော့ သား ကို တကယ် ချစ်တယ်ဆိုရင် သားရှိတဲ့အချိန် မှာ ဒီတွေလိုမသောင်းကျန်းပြပါနဲ့...ဒါကိုတော့ ကျွန်မ အနေနဲ့ အထူးတောင်းဆိုတာပါ...၊ မိဘ တွေ ခဏခဏအဆင်မပြေမူ့ကြောင့်သားကို စိတ် ဒဏ်ရာရသွားမှာ ကျွန်မ မလိုချင်ဘူး..."

"ငါကလည်း ငါတို့ရဲ့ အိမ်ထောင်ရေး ကို သားမျက်နှာ ကို ငဲ့ ပြီး အကြိမ်ကြိမ်ပြန်တည်ဆောက်ခဲ့တာပါ...  ဒါပေမဲ့ ငါ လည်းစိတ်မ ချမ်းသာ ခဲ့သလို မင်းလည်း မပျော်ရွှင်ခဲ့ဘူး မှတ်လား ... "

"သိပ် သေချာတာပေါ့ နေ့စဥ် ငရဲကျနေသလို ခံစားနေရတာကြောင့် အိမ်ပြန်ရမှာကို ကြောက်မိတဲ့အထိ ပါပဲ"

ခမ်းနားကမ္ဘာငယ်Where stories live. Discover now