ဖဝါးထက်က ပုလဲသွယ် (၁၀) (ခ)
တိရှောင်းက ယဲ့လီကျူးကို အိပ်မက်မက်ခဲ့သည်။ သူမက လှပသော ခုံပေါ်တွင် ကနွဲ့ကလျနှင့် လဲလျောင်းနေကာ သူမ ဝတ်စုံလေးက လေထဲတွင် လွင့်မြူးနေသည်။ ကျောက်စိမ်းလို ခြေဖဝါးလေးတွေက လှပလွန်းပါဘိ။
တိရှောင်းလျှောက်လာတော့ သူမက မျက်လုံးလေးပင့်ကာကြည့်လိုက်သည်။ သူမ၏နှင်းလို အသားအရေလေးက ရဲခနဲရှက်သွေးဖြာသွား၏။ သူမက တိရှောင်းကို ကြည့်သည်။
ယဲ့လီကျူးအလှက ယစ်မူးဖွယ်ရာပင်။ တိရှောင်းက မျက်လုံးကို လွှဲကာကြည့်လိုက်၏။
“မင်းအဝတ်တွေ သေချာပြန်ဝတ်ထား”
ယဲ့လီကျူးဝတ်စုံလေးက လေထဲတွင်လွင့်မြောနေသည်။ သူမ ခါးလေးက ကျဉ်သွယ်ပြီး ပါးလေးကို လက်ကလေးနှင့် ထောက်ထား၏။ “အရှင့်သား ကျွန်မကို ကြည့်ပါဦး”
တိရှောင်းတစ်ယောက် မနေနိုင်တော့ဘဲ ကြည့်လိုက်မိသည်။ ထိုစဉ် မမျှော်လင့်ဘဲ ယဲ့လီကျူးက ထရပ်လိုက်ကာ သူ့ရင်ခွင်ထဲသို့ ပစ်ဝင်လာသည်။ “ကျွန်မကလေ အရှင့်သားကို စမြင်ကတည်းက ချစ်ခဲ့ရတာ။ ကျွန်မကို လက်ထပ်ပါလားဟင်။ ရှန်ကျိုးကို ခေါ်သွားလေနော်....နော်”
တိရှောင်းတစ်ယောက် တင်းကြပ်နေအောင် အဖက်ခံထားရသဖြင့် တစ်ကိုယ်လုံး တောင့်တင်းနေတော့သည်။
သူမှတ်မိသလောက်ဆို မိန်းမတစ်ယောက်ဖက်တာခံရတာ ဒါပထမဆုံးပင်။
တိရှောင်း မရိုင်းချင်ပေ။ သူ့ရင်ခွင်ထဲက ရဲတင်းသောမိန်းမလှကို ခွာထုတ်ချင်လှသည်။ ဘယ်မိန်းမမှ မခိုဝင်ဘူးသော သူ့ရင်ခွင်ထဲကို သူမက ရဲတင်းလှစွာရောက်လာသည်အထိ ရိုင်းပျလှသည်။
တိရှောင်းက အေးစက်သောမျက်နှာထားဖြင့်ဆိုလိုက်၏။ “ငါ့နားကို မကပ်နဲ့။ ဒါမျိုး လျှပ်ပေါ်လော်လီတာမျိုး ငါမကြိုက်ဘူး” သူငြင်းတာကို ကြားရသည့် ယဲ့လီကျူး၏ မျက်လုံးလေးထဲတွင် မျက်ရည်တို့ ပြည့်လျှံလာသည်။ “ရှင်.....အရှင့်သားက လီကျူးကို မချစ်ဘူးပေါ့..... ဟင့်အင်း ဟင့်အင်း ကျွန်မ အိမ်ရှေ့မင်းသားအစ်ကိုကိုပဲ သွားရှာတော့မယ်”
YOU ARE READING
ဖဝါးထက်က ပုလဲသွယ်
Romanceဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် မကြောင်းလမ်းရဲကြ။ လူတိုင်းသိထားကြသည်က ယဲ့လီကျူးသည် နှစ်လှမ်းလောက် လျှေ...