Translation of Pearl In The Palm.
Translator - Jinnie Grace
ဖဝါးထက်က ပုလဲသွယ် (၈၁)
________
ယဲ့ဖူအန်းပြန်သွားတော့ ဟိုက်ထန်ကို ယဲ့လီကျူးက မေးလိုက်မိသည်။ "အဖေကဘာလို့ တို့ဆီ အကြောင်းမရှိဘဲ နေတာလဲ။ အိမ်ကနေ ပြန်လာတာတောင် သိပ်မကြားသေးတာကို။ သူ ဒီတစ်ခါလာတာ အိမ်မှာ ပြဿနာတစ်ခုခုများ ဖြစ်လို့လား"
ဟိုက်ထန်ကတော့ ယဲ့လီကျူးကို နှစ်သိမ့်စကား ဆိုလေသည်။ "မင်းသမီး အများကြီး မစဉ်းစားပါနဲ့။ မင်းသမီးက အခုမှ အရှင်မင်းသားနဲ့ လက်ထပ်ထားတာလေ။ သူက ဒီမှာ အနိုင်ကျင့်ခံနေရမှာစိုးလို့ လာကြည့်တာနေမှာပါ"
ယဲ့လီကျူးက ဘာဖြစ်မှန်းမသိသည်မို့ ဟိုက်ထန်စကားတွေကို ကြားပြီးနောက် သူမဆက်ပြီး မတွေးတော့ပေ။
ဒီနှစ်ရက်အတွင်းမှာတော့ ယဲ့လီကျူးက အေးအေးဆေးဆေးသာ နေဖြစ်လေသည်။ ကိစ္စအထူးအထွေလည်း မရှိသည်မို့ သာယာနေ၏။
မျက်စိတစ်မှိတ်အတွင်းတွင် နှစ်သစ်ကူးက ရောက်လာလေသည်။
နှစ်သစ်မကူးခင်မှာရော ကူးပြီးရော ကိစ္စတွေ အများကြီးဖြစ်သွားခဲ့သည်။ တိရှောင်းက နေ့တိုင်းဘာတွေ အလုပ်ရှုပ်နေမှန်း ယဲ့လီကျူးမသိပေ။ သူမ သိတာက တိရှောင်းစာကြည့်ခန်းထဲကို လူတွေအများကြီး ဝင်လိုက်ထွက်လိုက် လုပ်နေကြတာပင်။
တိရှောင်းက ထိုလူတွေနှင့်ပဲ အလုပ်ရှုပ်နေကာ ယဲ့လီကျူးကိုတောင် ဒီရက်ပိုင်း သိပ်မတွေ့နိုင်ပေ။
ယဲ့လီကျူးအိပ်နေမှ တိရှောင်းက ပြန်လာပြီး သူမကိုဖက်ကာ အိပ်ခြင်းဖြစ်သည်။
ယဲ့လီကျူးက ဒီရက်ပိုင်း ပြည့်လာသည်။ သူမခါးလေးက သေးနေဆဲဖြစ်သော်လည်း ကြီးရမည့် နေရာတွေကတော့ ပိုကြီးလာလေသည်။
သူမ အိပ်နေပုံလေးက အတော်လေး ချစ်ဖို့ကောင်းသည်။ မျက်တောင်ရှည်ကြီးတွေက ကော့နေကာ နှုတ်ခမ်းလေးက အနည်းငယ်ဟနေလေ၏။
တိရှောင်းက သူမကို ထပ်ပြီး မထိဖြစ်ပေ။ သူမ က ပိုပြီးနေကောင်းလာသည်မို့ တိရှောင်းက ယဲ့လီကျူး ကိုယ်ဝန်ဆောင်ဖို့ ပူနေရသည်။
YOU ARE READING
ဖဝါးထက်က ပုလဲသွယ်
Romanceဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် မကြောင်းလမ်းရဲကြ။ လူတိုင်းသိထားကြသည်က ယဲ့လီကျူးသည် နှစ်လှမ်းလောက် လျှေ...