Translation of Pearl In The Palm.
Translator – Erata Team
ဖဝါးထက်က ပုလဲသွယ် (၈၅)
________
ရှန်းယွမ်ပွဲတော်ကာလအတွင်း ယဲ့လီကျူးကလည်း နန်းတွင်းထဲဝင်ခဲ့သည်။ နန်းတော်ထဲ၌ လူတို့ စည်ကားသိုက်မြိုက်နေလေ၏။
ရှားတိုင်းပြည်၏ မင်းသမီး လုချိုက်ချီနှင့် မင်းသားကျောက်ယိတို့၏ မင်္ဂလာပွဲကို လွန်ခဲ့သည့် နှစ်ရက်က ကျင်းပခဲ့သည်။ ယဲ့လီကျူးသည် သူတို့နှစ်ယောက်၏မင်္ဂလာပွဲသို့ မတက်ရောက်ခဲ့သော်ငြား ယခုအခါ သူမ နန်းတော်ထဲဝင်ချိန်တွင် ဒုတိယကြင်ယာတော်ဖြစ်သည့် လုချိုက်ချီနှင့် တွေ့ခဲ့ရသည်။
မိဖုရားခေါင်နန်းဆောင်သည် အလွန်စည်ကားနေ၏။ မိဖုရားရှန်သည် မျက်နှာချေထူထူလိမ်းထားပြီး မမြင်တွေ့ရတာ အတော်ကြာပြီဖြစ်သော ဝတ်စုံတောက်တောက် ဝတ်ထားလေ၏။ မိဖုရားခေါင်ကြီးက မိဖုရားရှန်းကို မကျေမချမ်းကြည့်လိုက်လေ၏။
မိဖုရားရှန်ကမူ မိမိဘာသာ အားရကျေနပ်နေသေးပြီး မိဖုရာခေါင်၏အကြည့်ကို သတိမပြုမိခဲ့ပေ။
ယဲ့လီကျူးက သူမ၏ခုံတွင် အလွန်ငြိမ်းငြိမ်းချမ်းချမ်း ထိုင်နေလျက် မည်သူနှင့်မျှ စကားမပြောပေ။ မင်းသမီးစီရော့က ယဲ့လီကျူးမျက်နှာချင်းဆိုင်တွင် ထိုင်နေ၏။ သူတို့နှစ်ယောက်သည် ယခင်က တောက်မေ့ဝမ်နှင့် စကားပြောသည့်အချိန်ကျမှ အတူတကွ ဆော့ကစားဖူးသောကြောင့် သိပ်မရင်းနှီးကြပေ။
မင်းသမီးစီရော့သည် အရက်သောက်နေစဉ် သေရည်တို့က သူမ၏ခန္ဓာကိုယ်နှင့် စကတ်ပေါ် ရုတ်တရက်စင်သွား၏။ သူမနှင့်အနီးရှိ ရံရွေတော်သည် ဘာမှမပြောရဲ။ မိဖုရားရှန်ကို စကားအနည်းငယ် ပြောပြီးနောက် မင်းသမီးစီရော့ အဝတ်အစားသစ်လဲပေးရန် ခေါ်သွားတော့သည်။
မင်းသမီးစီရော့သည် ယဲ့လီကျူးဘေး ဖြတ်ကျော်သွားချိန်၌ သူမသည် ယဲ့လီကျူးနောက်ကျောကို ရုတ်တရက်ဖိသွား၏။
သူမလမ်းလျှောက်တာ မြန်လွန်းသောကြောင့် သူမလှုပ်ရှားမှုကို မည်သူမှ သတိမပြုမိသလောက် ရှိသည်။
ESTÁS LEYENDO
ဖဝါးထက်က ပုလဲသွယ်
Romanceဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် မကြောင်းလမ်းရဲကြ။ လူတိုင်းသိထားကြသည်က ယဲ့လီကျူးသည် နှစ်လှမ်းလောက် လျှေ...