Translation of Pearl In The Palm.
Translator - Jinnie Grace
ဖဝါးထက်က ပုလဲသွယ် (၆၆)
________
လုချိုက်ချီ၏ စကားတွေကို ကြားပြီးနောက် ယဲ့လီကျူးတစ်ယောက် ခဏစဉ်းစားလိုက်ရသေးသည်။ နောက်မှ အဆိုပါ မျက်နှာအုပ်ထားသည့် မိန်းမသည် သူမဖြစ်ကြောင်း သိသွားတော့သည်။
သူမက တစ်ခွန်းတည်း အနိုင်သိမ်းလိုက်သည်။ “ရပါတယ် တို့လည်း မင်းသားချင်ဘေး သွားပြီး သူ့အာရုံစိုက်မှုကို တခြားမိန်းမနဲ့ ပြိုင်ယူမယ်။ ရှင်လည်း ရှင့်အစ်ကို မျက်နှာသာရအောင် လုပ်လိုက်ပါဦး”
ယဲ့လီကျူးက ပြန်ပက်တာကို ခံရသည့်အခါ လုချိုက်ချီတစ်ယောက် ဒေါသတကြီး တုံ့ပြန်တော့သည်။
“နင်…”
ယဲ့လီကျူးကတော့ နှုတ်ခမ်းလေးကို မဲ့လိုက်သည်။ လုချိုက်ချီ၏ စကားတွေကို သူမလည်း ဒေါသထွက်ပါသည်။ လုချိုက်ချီက လုရွှမ်ထျန်းပုံစံအတိုင်း လိုက်လုပ်နေသည်မို့ သူမ မပျော်တော့ပေ။
ယဲ့လီကျူးအသံက နူးညံ့ညင်သာသည်။ ကြားရသူကို နားဝင်ပီယံဖြစ်စေသည်။ သူမက ပြုံးကာပြောလိုက်၏။ “ရှင့် အစ်ကိုကို သွားပြောလိုက်စမ်းပါ။ သူက မင်းသားချင်ရဲ့ လက်ဖျားကိုတောင် မယှဉ်နိုင်ဘူးလို့်”
လုချိုက်ချီတစ်ယောက် ကုလားထိုင်ကို အကြာကြီးဆုပ်ထားကာ ပြောလိုက်သည်။ “တို့ အစ်ကိုက မင်းသားချင်လက်ဖျားကိုတောင် မယှဉ်နိုင်ဘူးတဲ့လား။ နင့် မင်းသားချင်က အဲ့လောက်ကောင်းနေရင် ဘာလို့နင့်အဖေက သူနဲ့သဘောမတူရတာလဲ။ ကျစ် ကျစ် ယဲ့လီကျူး…နင့်ဘဝမှာ နင်လက်ထပ်ချင်တဲ့သူကို ဘယ်တော့မှ လက်ထပ်ရမှာ မဟုတ်ဘူး”
ယဲ့လီကျူးက ခဏလောက်စဉ်းစားပြီးနောက် လုချိုက်ချီနား နားသို့ကပ်ကာ ပြုံးရင်း တိုးတိုးလေး ပြောလိုက်သည်။
“ကျွန်မက ရှင့် အစ်ကိုထက် မင်းသားချင်က ပိုကောင်းတယ်လို့ပဲ ပြောတာပါ။ တကယ်လို့ ရှင်လည်း နှစ်ယောက်တည်းက တစ်ယောက်ကို ရွေးရမယ်ဆိုရင် မင်းသားချင်ကိုပဲ ရွေးမှာမလား။ ပြီးတော့ ဒီကမ္ဘာပေါ်မှာ သူတို့နှစ်ယောက်တည်း ရှိတာမှ မဟုတ်တာ။ ကျွန်မကြိုက်တဲ့သူကို လက်ထပ်လို့ရတယ်။ ဒါပေမဲ့ ကျွန်မကတော့ ဂုဏ်ပြုပါတယ်နော် ရှင့်ကို။ ရှင်နဲ့ ဒုတိယမင်းသား လက်ထပ်တော့မှာ မို့လို့လေ”
YOU ARE READING
ဖဝါးထက်က ပုလဲသွယ်
Romanceဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် မကြောင်းလမ်းရဲကြ။ လူတိုင်းသိထားကြသည်က ယဲ့လီကျူးသည် နှစ်လှမ်းလောက် လျှေ...