ဖဝါးထက်က ပုလဲသွယ် (၇၅)

2.4K 214 2
                                    

Translation of Pearl In The Palm.

Translator - Jinnie Grace

ဖဝါးထက်က ပုလဲသွယ် (၇၅)

________

ယဲ့လီကျူးတစ်ယောက် တစ်ညလုံး နှိပ်စက်ခံလိုက်ရသည်။

သူမက တိရှောင်းကို ပေးထားသည့် ကတိကြောင့် မင်္ဂလာဦးည တစ်ညလုံး အစားခံလိုက်ရတော့သည်။

ယဲ့လီကျူးအတွက်တော့ ရှက်စရာပင်။

သူမ မျက်လုံးဖွင့်လိုက်တော့ နေ့လယ်ရောက်နေလေပြီ။ တိရှောင်းက သူမကို ရက်အတန်ကြာ မထိခဲ့ရသဖြင့် အတော်လေး လွမ်းနေလေသည်။

ယဲ့လီကျူးနှင့် မတွေ့မီက တိရှောင်းတစ်ယောက် ဘယ်မိန်းမကိုမှ စိတ်မဝင်စားသလို ထိလည်း မထိချင်ခဲ့ပေ။ အခုတော့ ယဲ့လီကျူးကို ဒါမျိုး တရားဝင်လုပ်လို့ရပြီမို့ တိရှောင်းကျေနပ်နေလေသည်။

သူမက လူတွေကို သက်သောင့်သက်သာ ဖြစ်အောင် လုပ်ပေးနိုင်သည်။

လူတွေ ဘာကြောင့် အိမ်ထောင်ပြုကြလည်း သူသိသွားပြီထင်သည်။

ယဲ့လီကျူးနိုးလာတော့ သူက သူမ နဖူးလေးကို နမ်းလိုက်သည်။

ယဲ့လီကျူးမျက်လုံးလေးတွေက အရည်တွေလဲ့ကာ အတော်လေးလှသည်။

တိရှောင်းက သူမကို တင်းနေအောင်ဖက်ကာ ပြောလိုက်၏။ “မနေ့ညက ပင်ပန်းသွားလား”

ယဲ့လီကျူးမျက်နှာလေး ရဲသွားပုံက မက်မွန်ပန်းလေးလိုပင်။

နောက်မှ သူမက တိုးတိုးလေး ဆိုလားသည်။ “အရှင် မထသေးဘူးလား။ နောက်ကျနေပြီ”

တိရှောင်းကတော့ သူမကို စိတ်ရှည်လက်ရှည် ပြောနေသည်။ “ယောကျာ်းလို့ထပ်ခေါ်။ အဲဒါဆို လွှတ်ပေးမယ်”

ယဲ့လီကျူး “ဟင့်အင်း”

တိရှောင်းက ကတိမတည်ပေ။

မနေ့ညကလည်း သူမက သူ့ကို အစ်ကိုလို့ခေါ်လျှင် လွှတ်ပေးမယ်ဟုပြောသည်။ သို့သော်လည်း တစ်ညလုံး သူမမှာ သတိလစ်မတတ်ပင်။

တိရှောင်းက ယဲ့လီကျူးကို အရမ်းလွှမ်းမိုးနိုင်သည်။

တကယ်တော့ နေ့လယ်ရောက်နေပြီ ဖြစ်သော်လည်း ဘယ်အစေခံမှ သူတို့ အခန်းထဲကို ဝင်မလာရဲပေ။ မင်းသားနှင့် မင်းသမီးက ထွက်မလာသေးသည်မို့ ဘယ်သူမှ မဝင်ရဲ။

ဖဝါးထက်က ပုလဲသွယ်Where stories live. Discover now