Translation of Pearl In The Palm.
Translator - Jinnie Grace
ဖဝါးထက်က ပုလဲသွယ် (၆၅)
________
ယဲ့လီကျူးက တိရှောင်းနောက်သို့ လိုက်သွားရင်း အနောက်က စကားတွေ တတွတ်တွတ်ပြောနေသည်။
“သမင်လေးက ဘယ်လိုပုံစံလေးလဲဟင်”
သူမတို့ကို ဘယ်သူမှ မမြင်လောက်သည့် နေရာရောက်တော့မှ တိရှောင်းက သူမကို ချီလိုက်သည်။
“သမင်က ဘယ်လိုပုံစံ ဖြစ်ရမှာလဲ”
ယဲ့လီကျူးက ခြေထောက်လေးကို ယမ်းလိုက်သည်။ “ကျွန်မဖာသာပဲ လျှောက်ပါ့မယ်”
တိရှောင်းကတော့ သူမကို ပုံမှန်ပဲ ကြည့်လိုက်သည်။ “ခြေထောက်က မနာတော့ဘူးပေါ့။ ဒါဆို လှေပေါ်ကို ပြန်သွားပြီး ဆက်လုပ်မယ်”
ယဲ့လီကျူးတစ်ယောက် တိရှောင်းစိတ်ကြိုက် ပုံစံမျိုးစုံပြောင်းကာ နေပေးခဲ့ရသည်မို့ ပါးစပ်လေး ပိတ်သွားတော့သည်။
ဘယ်ပုံစံပဲနေနေ သက်သောင့်သက်သာမရှိပေ။
အရမ်းနာသည်။
သူမ ထပ်ပြီးမလုပ်ချင်တော့ပေ။
တိရှောင်းက သူမကို ပြောလိုက်သည်။ “မင်း ဒီနေ့ သမင်ကို တွေ့မှာမဟုတ်ဘူး”
ယဲ့လီကျူးက ငတုံးလေးမို့ တိရှောင်းပြောတာကို နားမလည်ပေ။ “ဘာလို့လဲ”
တကယ်တော့ သမင်ဆိုတာ တိရှောင်း၏ ဆင်ခြေသာဖြစ်သည်။
ယဲ့လီကျူးက ကျန်သည့်မိန်းကလေးတွေနှင့် လာပြီး သူမ တစ်ယောက်တည်း အခန်းထဲက ထွက်မလာသည်ဖြစ်စေ၊ တိရှောင်းက တန်းခေါ်သွားသည်ဖြစ်စေ တောက်မေ့ဝမ်တို့က ယဲ့ဖူအန်းကို ယဲ့လီကျူးပျောက်နေကြောင်း ပြောကြမည်ဖြစ်သည်။
အခုတော့ ယဲ့လီကျူးက သူမတို့ရှေ့တွင် တိရှောင်းနောက် လိုက်လာခဲ့ကာ အကြောင်းပြချက်လည်း ရှိနေတာမို့ ယဲ့ဖူအန်းကို သူမတို့ ပြောကြမှာမဟုတ်ပေ။
ယဲ့လီကျူး အိမ်တော်ကလည်း သူမတစ်ယောက် မင်းသားချန်အိမ်တော်မှာ ရှိနေတာလို့ပဲ ထင်ကြလိမ့်မည်။
YOU ARE READING
ဖဝါးထက်က ပုလဲသွယ်
Romanceဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် မကြောင်းလမ်းရဲကြ။ လူတိုင်းသိထားကြသည်က ယဲ့လီကျူးသည် နှစ်လှမ်းလောက် လျှေ...