ဖဝါးထက်က ပုလဲသွယ် (၇)(က)

2.6K 244 1
                                    

Translation of Pearl In The Palm.

Translator - Jinnie Grace

ဖဝါးထက်က ပုလဲသွယ် (၇)(က)

________

နောက်တစ်ရက် ယဲ့ကျာ့ယို အိပ်ရာထချိန်တွင် ပထမဆုံးအော်သည်က "ကျူးကျူး" ဖြစ်ကာ အစေခံမလေးက သူ့ပါးစပ်ကို အသာလေးလာပိတ်၏။ "မအော်ရဘူးလေ သခင်လေးရဲ့။ သခင်မလေး အိပ်နေတယ်"

ယဲ့ကျာ့ယိုက ထိုင်လိုက်ကာ အစေခံတွေကို သူ့အား အင်္ကျီဝတ်ပေးရန် ပြောလိုက်၏။

"အခုဘယ်အချိန်လဲ"

"သုံးနာရီကျော်ပါပြီ စားဖိုဆောင်က သခင်လေးဖို့ နံနက်စာပြင်နေပါတယ်။ စားပြီးတာနဲ့ ကျောင်းကို သွားလို့ရပါပြီ"

ယဲ့ကျာ့ယိုက ကိုယ်လက်သန့်စင် အ၀တ်အစားဆင်ယင်ပြီးနောက်တွင် နံနက်စာကို အပြင်တွင်စား၏။ သူက အထဲက လှုပ်ရှားမှုတွေကိုလည်း ဆက်တိုက်နားထောင်နေသေးသည်။ သူစားသောက်ပြီးနောက် အတွင်းခန်းထဲမှ မားမားတစ်ယောက်အော်သံကို ကြားလိုက်ရတော့သည်။ "သခင်မလေးနိုးလာပြီ....ရေနဲ့ ဆေးတွေ မြန်မြန်ယူခဲ့ကြစမ်း အေးအောင် လုပ်ထားနော်။ ပျားရည်လဲပြင်ထားကြ"

အစေခံအနည်းငယ်က လိုက်ကာကိုမကာ လက်ဖက်ရည်၊ ရေနှင့် ဆေးတွေယူလာကြသည်။ သူတို့အလုပ်များနေခိုက်တွင် ယဲ့ကျာ့ယိုက မုန့်အနည်းငယ်ကိုကိုက်ကာ အခန်းထဲသို့ဝင်လာခဲ့သည်။

"ကျူးကျူး"

ယဲ့လီကျူးက ပြုံးကာ ပြော၏။ "ဝင်ခဲ့လေ"

သူမက အ၀တ်အစားလဲ ကိုယ်လက်သန့်စင်ကာ မှန်ရှေ့တွင်ထိုင်ပြိး အစေခံတစ်ယောက်က ခေါင်းဖြီးပေးတာကို ခံနေလေ၏။

ယဲ့လီကျူးက ကြာပွင့်ပုံထိုးထားသော ဘရိုကိတ်ဝတ်ရုံကို ဆင်မြန်းထားသည်။ သူမဆံပင်လေးတွေက တိမ်စိုင်လေးတွေလို ပွပွလေးဖြစ်ကာ ဆံပင်နက်တို့က ဝေ့ဝဲကျနေသည်။ သို့သော် ရှုပ်ထွေးမနေပေ။ သူမမျက်နှာသေးသေးလေးက အိပ်ရာထစမို့ ဖြူဖျော့ကာ နှုတ်ခမ်းတွေက သွေးရောင်မရှိသေးပေ။

ယဲ့ကျာ့ယိုက ဘေးတွင် ဝင်ထိုင်လိုက်သည်။  "ကျူးကျူး ခဏနေရင် ဝူသခင်မကို သွားနှုတ်ဆက်ဖို့ မလိုဘူးသိလား။ ကျန်တဲ့ကိုယ်လုပ်တော်နှစ်ယောက်ကလည်း ကျူးကျူးဆီကို လာလိမ့်မယ်။ သူတို့က ကျူးကျူးကို မပျော်အောင်လုပ်ရင် မားမားတွေကိုသာ သင်ခန်းစာပေးခိုင်းလိုက်။ သူတို့က အရမ်းမရိုက်ပါဘူး။ ကျူးကျူးက အခုမှ အိမ်တော်ကိုရောက်တာ ဒေါသထွက်စေလို့ မဖြစ်ဘူး"

ဖဝါးထက်က ပုလဲသွယ်حيث تعيش القصص. اكتشف الآن