Translation of Pearl In The Palm.
ဖဝါးထက်က ပုလဲသွယ် (၃၈)
Translator - Jinnie Grace
_______
တိရှောင်းလက်တွေက ချောကျိကျိနှင့် နူးညံ့တဲ့အရာလေးကိုထိသွားတော့ သူ့အသံက ပိုပြီး သြရှလာသည်။ အဲဒီညက သူ့ကို ယဲ့လီကျူး နမ်းလိုက်တုန်းက ခံစားချက်ကို မှတ်မိနေတုန်းပဲ။
“လွှတ်” တိရှောင်းက ယဲ့လီကျူးကို အသံသြရှရှနှင့် ပြောလေသည်။ ထိုကျမှ ယဲ့လီကျူးလည်း အသိဝင်လာပြီး ဘာလို့ကိုက်လိုက်မိမှန်း သူမလည်းမသိတော့တာမို့ ချက်ချင်း လွှတ်ပေးလိုက်တော့သည်။ “တောင်း တောင်းပန်ပါတယ်။ နာသွားလားဟင်”
တိရှောင်း၏ ရင်ဘတ်က နိမ့်လိုက်မြင့်လိုက်ဖြစ်နေသည်။ ယဲ့လီကျူးရှေ့မှာဆို သူက အရမ်းကို သန်မာတဲ့ပုံပေါ်ပြီး သူမက နူးနူးညံ့ညံ့သေးသေးလေး။ ငယ်ငယ်ကတည်းက နူးညံ့ပြီး ဆွဲဆောင်မှုရှိစွာ မွေးဖွားလာလို့ သူမက လူတွေကို ချစ်မြတ်နိုးစရာကောင်းအောင် ကြည့်တတ်သည်။ အထင်ရှားဆုံးကတော့ ဆွဲဆောင်မှု မရှိဘူးထင်ရသော်ငြား ဆွဲဆောင်မှုရှိနေသည်။
တိရှောင်းက ပြောလိုက်တော့သည်။ “ကိုယ် မင်းကို အပြစ်ပေးမှာနော်”
ယဲ့လီကျူး “ရှင်”
သူမနှုတ်ခမ်းလေးက တအံ့တသြ ပွင့်အသွား၏။
ဒီလိုအူကြောင်ကြောင်ကောင်မလေးက ဘာလို့ယဲ့ဖူအန်းသမီးဖြစ်နေမှန်း သူနားမလည်ပေ။
သို့သော် သူမ၏ ဒီလိုပုံစံလေးကို သူသဘောကျသည်။
သူက ယဲ့လီကျူး၏ ပခုံးတစ်ဖက်ကို လက်နှင့် ဖိထား၏။ ရေတွေစိုနေသည့် ဆံပင်က တောက်ပနေကာ သူ့လက် ထောက်ထားသည့်အပေါ်ကို ဖြာကျနေသည်။
တိရှောင်းစိတ်ထဲ ဘာတွေဖြစ်နေလဲဆိုတာကို ယဲ့လီကျူးမသိပေ။ တိရှောင်းအတွက် စစ်တပ်ကို ဦးဆောင်ပြီး စစ်တိုက်လိုက်ရတာက လွယ်သော်ငြား ယဲ့လီကျူးကို နမ်းဖို့တော့ ခက်နေရသည်။
ယဲ့လီကျူးကတော့ တိရှောင်းရှေ့ဆို ပြောစရာတွေအများကြီးဆိုတော့ တောက်လျှောက် ပြောနေတော့သည်။ “ကျွန်မကြားခဲ့တာ ဒီရေပူစမ်းက တောင်ပေါ်ကနေ ဆင်းလာတာတဲ့။ အပေါ်မှာ ရေပူစမ်း အကြီးကြီးတွေရော အသေးလေးတွေရောရှိတယ်တဲ့။ ဆောင်းရာသီဆိုတော့ ရေပူစမ်းစိမ်လို့ အကောင်းဆုံးပဲ။ နှင်းကျနေတယ်ဆိုတော့ အတော်လေး အေးမယ်ဆိုပေမဲ့ တကယ်စမ်းကြည့်ချင်တယ်”
YOU ARE READING
ဖဝါးထက်က ပုလဲသွယ်
Romanceဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် မကြောင်းလမ်းရဲကြ။ လူတိုင်းသိထားကြသည်က ယဲ့လီကျူးသည် နှစ်လှမ်းလောက် လျှေ...