ဖဝါးထက်က ပုလဲသွယ် (၃)(ခ)
ညလယ်တွင် ယဲ့လီကျူးတစ်ယောက် ခန္ဓာကိုယ်ပေါ့ပါးစွာ နိုးလာခဲ့ပြီး သူမအပေါ်ဖိစီးနေသော မကောင်းဆိုးဝါးများအကုန် ပပျောက်သွားပြီဟု ခံစားနေရသည်။ သူမ မျက်လုံးဖွင့်ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။
"လက်ဖက်ရည်"
မားမားတစ်ယောက်က အမြန်ပဲပြေးလာကာ သူမကို ပလုတ်ကျင်းစေသည်။ ယဲ့လီကျူးတစ်ယောက် ခက်ခက်ခဲခဲနှင့် ထလိုက်ပြီးမေးလိုက်၏။
"ဘယ်အချိန်ရှိပြီလဲ အဖေဘယ်မှာလဲ"
အစေခံက ပြန်ဖြေ၏။
"ညတစ်နာရီလောက်ရှိနေပါပြီ၏ သခင်ကြီးက ဝိုင်သောက်ပြီး အိပ်သွားပါပြီ သခင်မလေး။ သခင်မလေး မငိုတော့နဲ့နော်။ မျက်လုံးတွေလည်းမို့နေပြီ။ ဗိုက်ဆာလား တစ်ခုခုစားမလား"
ယဲ့လီကျူးက မားမားကိုမြင်တော့ သူမ၏မိခင်ကျန်းရှီကို သတိရမိသည်။
သူမဝမ်းနည်းပြီး မျက်ရည်တွေ ဝဲလာသော်လည်း အံကိုကြိတ်ကာ "ဟုတ် စားမယ်လေ"
တည်းခိုဆောင်တွင် အစေခံတွေက အပြင်ကို အစားအစာ ထွက်ဝယ်ရန် အဆင်မပြေပေ။ အဘယ်ကြောင့်ဆိုသော် ယဲ့လီကျူးက အခုမှ ဘုရားကျောင်းက ထွက်လာခဲ့သူမို့ သူမ ငါးစားသလား အသားစားသလား သူမတို့ မသိကြပေ။ ထို့ကြောင့် ဂျင်ဆင်းဆန်ပြုတ်ကို သကြားခဲအနည်းငယ်ထည့်ကာ ကျိုကြတော့သည်။
ယဲ့လီကျူးက ဂျင်ဆင်းအရသာကို မကြိုက်သည်မို့ နည်းနည်းပဲသောက်ပြီး အစာသွတ်မုန့်ကိုသာ စားသည်။
သူမက အနည်းငယ်သာ စားသည်မို့ ဗိုက်အောင့်ပြီး အိပ်ပျော်သွားမှာ စိုးကြတာကြောင့် အစေခံ၂ယောက်ကို အပြင်လွှတ်လိုက်ကြပြီး အခြေအနေ ကြည့်ခိုင်းလိုက်ကြသည်။
အချိန်က ညလယ်ရောက်နေပြီမို့ လမင်းက ထိန်ထိန်သာနေသည်။ တည်းခိုဆောင်ကို ယဲ့အမတ်ချုပ်၏ လူများနှင့် မင်းသားချင်၏ မြင်းတပ်က ပတ်ပတ်လည် ကာရံထားသည်။ ထို့အပြင် စစ်သည် ရာပေါင်းများစွာလည်း ဝန်းရံထားသည်မို့ လုံခြုံရေးကတော့ အထူးကောင်းမွန်နေသည်။
ESTÁS LEYENDO
ဖဝါးထက်က ပုလဲသွယ်
Romanceဖဝါးထက်က ပုလဲသွယ် ယဲ့လီကျူးက အသား၏ကောင်းခြင်းနှင့် ပြည့်စုံသော ဖြူဖျော့နူးညံ့သည့် အလှလေး။ သူမ သီးချိန်တန်သီး ပွင့်ချိန်တန်ပွင့်ရမဲ့အချိန်ရောက်သည်အထိ မည်သူတစ်ဦးတစ်ယောက်ကမှ လာရောက် မကြောင်းလမ်းရဲကြ။ လူတိုင်းသိထားကြသည်က ယဲ့လီကျူးသည် နှစ်လှမ်းလောက် လျှေ...