အခန်း (၉၁) (အချပ်ပို ၁)

1.8K 155 1
                                    

အခန်း (၉၁) (အချပ်ပို ၁)

တိရှောင်းက ရှန်ကျိုးသို့ ပြန်တော့မည်ဟု ရုတ်တရက်ပြောသောအခါ ယဲ့လီကျူးက အံ့အားသင့်သွားလေ၏။

ယဲ့လီကျူးက တိရှောင်းကို ပြောလိုက်လေသည်။

“အရှင် ကျွန်မ အိမ်မှာ လဝက်လောက် သွားနေလို့ရမလား။ ကျွန်မ အဖေနဲ့ ကျားယိုတို့နဲ့ အချိန် နည်းနည်း ဖြုန်းချင်သေးတယ်။ သူတို့ ကျွန်မကို မတွေ့ရတာ ကြာပြီဆိုတော့ လွမ်းနေမှာပဲ”

တိရှောင်းက လက်မခံပေ။

“လက်ထပ်ပြီးသွားတဲ့ သမီးက ဖိတ်စင်ပြီးသွားတဲ့ ရေလိုပဲ။ ဘယ်လိုလုပ် ပြန်သွားနိုင်မှာလဲ”

ယဲ့လီကျူးသည် အနည်းငယ် မကျေမချမ်း ဖြစ်သွားလေ၏။

“ကျွန်မက ဖိတ်စင်သွားတဲ့ ရေမဟုတ်ဘူး”

သူတို့ ၂ယောက် စကားများကြပြီး စစ်အေးတိုက်ပွဲ ဆင်နွဲတော့သည်။

ညအချိန်တွင် တိ‌ရှောင်းက အိပ်ရာဝင်သောအခါ အိပ်ရာထဲတွင် ခေါင်းအုံးတစ်လုံးသာ ရှိကြောင်း တွေ့လိုက်ရသည်။

မူလက အလွန်ကျယ်ပြန့်သည့် ဂွမ်းစောင်ကြီးသည် သေးငယ်သည့် ဂွမ်းစောင်အဖြစ် ပြောင်းလဲသွား၏။

ယဲ့လီကျူးသည် ဂွမ်းစောင်လေးကို ဖက်ထားပြီး သူမ၏ ခေါင်းအုံးကို မှီကာ မျက်လုံး မှိတ်နေလေ၏။

တိရှောင်းသည် သူမနား ချဥ်းကပ်လာသောအခါ ယဲ့လီကျူးက ဆူပုတ်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။

“ရှင် ကျွန်မကို အိမ်ပြန်ခွင့် မပေးရင် ရှင်နဲ့ တစ်အိပ်ရာထဲ အိပ်မှာမဟုတ်ဘူး”

တိရှောင်းသည် သူမ ဤသို့ ပြုမူမည်ဆိုတာ တွေးထင်ထားပြီးသားဖြစ်သည်။

တိရှောင်းသည် ယဲ့လီကျူး၏ ခေါင်းအုံးလေးကို သူ့ခေါင်းအုံးဆီ ပြန်ဆွဲယူပြီးနောက် ဂွမ်းစောင်အပါအဝင် ယဲ့လီကျူးကို ထွေးပွေ့ထားလိုက်သည်။

“ကိုယ့်ကို ဒေါသထွက်နေတာလား ဟင်။ မနေ့ညတုန်းကတော့ ခင်ပွန်းသည်ရဲ့စကားကို တစ်ဘဝလုံး နားထောင်ပါမယ်လို့ ပြောပြီး လုပ်ခိုင်းတဲ့ အနေအထား ဘာမဆို လုပ်ပါ့မယ်ဆို”

ဖဝါးထက်က ပုလဲသွယ်Donde viven las historias. Descúbrelo ahora