ဖဝါးထက်က ပုလဲသွယ် (၈၄)

1.8K 185 1
                                    

Translation of Pearl In The Palm.

Translator – Erata Team

ဖဝါးထက်က ပုလဲသွယ် (၈၄)

________

တိရှောင်းသည် ယဲ့လီကျူးအား ကျောက်ယိ ကြည့်ပုံကို နားလည်သည်။

ဒီတော့ ဘာဖြစ်လဲ။ သူ့အပြင် ယဲ့လီကျူးက တခြားယောက်ျားတွေကို မျက်စိထဲ ထည့်မယ်တဲ့လား။ ဒါက သူ့အမျိုးသမီးပဲ။

သူ့နောက်ရှိ မလိုလားသောအကြည့်ကို ခံစားမိပြီး တိရှောင်းက ရုတ်တရက် ရပ်တန့်လိုက်ကာ ယဲ့လီကျူး၏မေးစေ့ကို ဖျစ်ညှစ်လျက် ကာလိုက်တော့သည်။

ယဲ့လီကျူးက ရှက်သွေးဖြာသွားကာ တိရှောင်းကို တွန်းလျက် ဒေါသတကြီးပြောလိုက်တော့သည်။

“အရှင်”

အနား၌ လူများစွာရှိသော်ငြား တိရှောင်းက အလေးမထားပေ။ မင်းသားချင်၏ ကြီးမြတ်မှု အရိပ်အယောင် မရှိတော့ပေ။ သို့သော် သူတို့နောက်ရှိ ရံရွေတော်များက သူတို့ကို မော်မကြည့်ရဲပေ။ သူတို့က ဝမ်ဖေးကိုမကြောက်၊ ဝမ်ဖေးက အမြဲတစေ နူးညံ့သိမ်မွေ့သည်။ သူတို့က မင်းသားချင်ကို ကြောက်ရွံ့ကြတာပဲဖြစ်သည်။ မင်းသားချင်၏ခွင့်ပြုချက်မရှိဘဲ သူတို့ကြားရှိ ချစ်ခြင်းတရားကို မည်သူက ကြည့်ရဲမည်နည်း။

ကျောက်ယိသည် ထိုမြင်ကွင်းကို တွေ့သွား၏။

အရပ်ရှည်ရှည်လူက ယဲ့လီကျူး၏နုနယ်သော အလှတရားကို လွှမ်းခြုံထားလျက် သူ့ကို ပွေ့ချီလိုက်တော့သည်။

“မင်းအားနည်းနေမှန်း သိတယ်၊ နည်းနည်းလျှောက်ပြီးတော့ ဆက်မလျှောက်နိုင်တော့ဘူး၊ ဒါကြောင့် ကိုယ်ပွေ့သွားပေးမယ်”

ကျောက်ယိသည် အင်မတန်ဒေါသထွက်လွန်းသောကြောင့် သည်းမခံနိုင်တော့ပဲ လှည့်ထွက်သွားတော့၏။

ထိုည၌ ကျောက်ယိသည် နန်းတော်အပြင်ဘက်၌ သူ၏ဝမ်းနည်းမှုများ ပပျောက်စေရန် သေရည်သောက်ခဲ့သည်။ တံခါးဝ၌ အစောင့်များစွာ စောင့်ကြပ်နေ၏။ သူသည် နီရဲနေသောမျက်လုံးများဖြင့် သူ့ရင်ခွင်ထဲရှိ ဖွံ့ထွားသောအမျိုးသမီးကို ပွေ့ဖက်ထားလိုက်သည်။

ဖဝါးထက်က ပုလဲသွယ်Where stories live. Discover now