BE RED

4.5K 200 41
                                    

" ယောဟန် "

၁၁ နာရီ နှင့် ဆင်တူသော နာမည် ။

" ကျွန်တော့်မှာ ဘာလို့ ကိုကို့လို နာမည်လှလှလေးမရှိရတာလဲ "

သူ ငြူစူစွာ မေးသောအခါ ကိုကိုက လမ်းကို အရှိန်လျှော့လျောက်ကာ သူ့လက်ကို လာတွဲချေ၏ ။

" မင်းရဲ့ နာမည်က လှပါတယ် ယောဟန်ရဲ့ "

ကိုကိုက သူ့လက်ကို ရှေ့နောက် ခပ်ဖြည်းဖြည်း လွှဲရမ်းရင်း ရယ်ကာ ပြောသည် ။ ကိုကို့လက်ထဲမှ ကျမ်းစာအုပ်ကို ယောဟန် အားငယ်စွာ ကြည့်လိုက်မိသည် ။

" ကျွန်တော့် နာမည်က ၁၁ နာရီ လို့ထင်ရတယ်လေ ။ နံပါတ် ၁၁ က ကျမ်းစာထဲမှာတောင် သိပ်မသုံးတဲ့ နံပါတ်ပဲဟာ ၊ နောက်ပြီး .. ကျွန်တော် နာမည်က ၁၁ နာရီနဲ့ အသံထွက်တူနေတာကို မကြိုက်ပါဘူး "

ယောဟန် ဆရာတစ်ယောက်လို ရှင်းပြလိုက်သည့်အခါ ကိုကို့ မျက်နှာဟာ ပို၍ ပြုံးလာသည် ။ ထို့နောက် ယောဟန်၏ ဆံပင်တွေကို အသည်းယားစွာ ပွတ်ခါလိုက်ရင်း ကိုကိုက တခစ်ခစ် ရယ်သည် ။ ရယ်နေလျက်ပင် ကိုကို့ မျက်နှာတစ်ပြင်လုံး ချက်ချင်းရဲတတ်လာ၏ ။

" အိန်ဂျယ် နံပါတ် ၁၁ ကိုသိလား "

ကိုကို့ အမေးကို ယောဟန် ခေါင်းခါပြလိုက်သည် ။ သည်စကားလုံးဟာ သူ့အဖို့ အမှန်တကယ် အသစ်အဆန်းဖြစ်နေသည် ။

" တကယ်တော့ နံပါတ် ၁၁ က ထူးခြားတယ် ယောဟန် ။ သင်္ချာမှာဆိုရင် ဂဏန်းနှစ်လုံး ရှိတဲ့ အငယ်ဆုံး သုဒ္ဓကိန်း ဖြစ်တယ် ။ ဝိဉာဉ်ရေးရာမှာဆိုရင် လူတွေက ပြောကြတယ် ၊ ၁၁ နာရီ ၁၁ မိနစ်တိုင်းမှာ ထူးခြားတဲ့ အဖြစ်အပျက်တွေ ဖြစ်လေ့ရှိတယ်တဲ့ "

ယောဟန် ကိုကို့စကားကို စိတ်ဝင်တစား နားထောင်နေသည် ။ ကိုကိုကလည်း အလေးအနက် ပြောနေသည်မို့ မျက်လုံးများသည်တောင် ရှားပါးကျောက်မျက်ရတနာတစ်ပါးလို ရွှန်းပနေသည် ။

အခုလို စိတ်လိုလက်ရ ရှင်းပြနေသည့် အချိန်တိုင်းမှာ ယောဟန်၏မျက်လုံးထဲတွင် ကိုကိုဟာ အတောက်ပဆုံး ဖြစ်သည် ။

" မမျှော်လင့်ဘဲ သတိထားမိတဲ့ ၁၁ နာရီ ၁၁ မိနစ်တိုင်းမှာ ယောဟန် အဖြစ်ချင်ဆုံး ဆန္ဒတစ်ခုကို ဆုတောင်းရင် ပြည့်နိုင်တယ် "

BE REDWhere stories live. Discover now