ညနေ ၆ နာရီ ၄၅ မိနစ် ။
" မင်း ဒီနေ့ ရှောပင်းမောထဲ ဝင်ခဲ့သေးတယ်ဆို .. ပရိုမိုးရှင်းပိုင်းနဲ့ ပတ်သက်ပြီး ဘယ်လိုလုပ်ဖို့ စဉ်းစားထားလဲ ၊ မင်းရဲ့ အိုင်ဒီယာကို သိချင်တယ် "
ဖေဖေသည် ဤရက်ပိုင်းတွင် ဘဏ်ကြွေးနစ်နေသော သူငယ်ချင်းတစ်ယောက်ထံမှ ရှောပင်းမောကြီးတစ်ခု၏ ရှယ်ယာကို အမြတ်များများနှင့် ရလိုက်သည် ။ အုပ်ချုပ်ပိုင်ခွင့်ပါ ဖေဖေ့ထံရောက်လာပြီ ဖြစ်၍ ဖေဖေက ထို ရှောပင်းမောကို လက်ရှိ ဈေးကွက်တွင်း နာမည်ကြီးနေသော ရှောပင်းမောများနှင့် အပြိုင် လူစည်ကားစေချင်သည် ။
သို့ပေမဲ့ ပြဿနာသည် ဖေဖေ့သူငယ်ချင်းလက်ထက်ကတည်းက ထိုရှောပင်းမောကြီးတွင် နိုင်ငံခြား ဘရန်းများကိုသာ စုထားသည့်အတိုင်း ဈေးကြီးပေ့ဆိုသော ဆိုင်များသာ ရှိသည် ။ ထို့ကြောင့် တတ်နိုင်သူ တစ်ယောက်စ ၊ နှစ်ယောက်စသာ ဝင်ထွက်သွားလာလေ့ရှိသော လူမသိသူမသိ နေရာကြီးတစ်ခု ဖြစ်နေပြီး အချိန်ကြာလာသည်နှင့်အမျှ အတွင်းမှ အရောင်းပါးသော ဆိုင်များကလည်း တစ်ဆိုင်ပြီးတစ်ဆိုင် လက်တွဲဖြုတ်သွားကြသည် ။
ထိုကဲ့သို့သော နေရာမျိုးကို သူတို့၏ SKIES လုပ်ငန်းစု အမည်အောက်သို့ သွင်းပြီး SKIES ၏ အရှိန်အဝါကို သုံး၍ပဲ ဖြစ်စေ ဖေဖေက တိုးတက်အောင်မြင်စေချင်သည် ။ ဟန်ဘင်းကို သီးသန့်ပေးလာသော ပထမဆုံး တာဝန်ပင်မို့ ဖေဖေ စိတ်မပျက်ရလေအောင် အတတ်နိုင်ဆုံး ၊ အကောင်းဆုံးဖြစ်အောင် လုပ်ချင်သည် ။
" ပြည်တွင်းမှာ နာမည်ရနေတဲ့ ဘရန်းတွေဆီကနေ ဆိုင်ခွဲထပ်တိုးချင်လို့ ကမ်းလှမ်းထားတာတွေကို လက်ခံဖို့ ပြန်စိစစ်နေပါတယ် ။ ဈေးမြင့်တဲ့ ဇိမ်ခံပစ္စည်းဘရန်း တွေကိုပဲ လက်ခံထားတာက လူနည်းစုအတွက်ပဲ ဖြစ်နေမှာမလို့ လူသုံးများတဲ့ ဘရန်းတွေအတွက်လည်း နေရာပေးသင့်တယ်ထင်ပါတယ် ။ နောက်ပြီး လက်ရှိရေပန်းစားနေတဲ့ အနုပညာရှင်တွေနဲ့ promotion area မှာ event တွေ ကျင်းပဖို့လည်း ဆက်သွယ်ထားပါတယ် ။ SKIES ရဲ့ နာမည်အောက်မှာပဲ ရှောပင်းမောတစ်ခုလုံးစာအတွက် TV commercial တွေရိုက်ဖို့လည်း လိုအပ်တာမို့ နာမည်ကြီး သရုပ်ဆောင်တွေကို ရွေးထားပါတယ် "
![](https://img.wattpad.com/cover/348251500-288-k780809.jpg)
YOU ARE READING
BE RED
FanfictionSung Han Bin Kim Gyuvin Han Yujin Arranged by Dalkomhan_shots Start : Aug 1, 2023 Published date : Aug 1, 2023 End :