Touch Love

1K 139 17
                                    

၂၀၁၄ ခုနှစ် ၊ အောက်တိုဘာ ။

" ဟန်ဘင်းနား ဘာတွေငေးနေတာလဲ ။ ညီလေးကို မြန်မြန် နှုတ်ဆက်လိုက်လေ "

မေမေ ပြောသော ညီလေးဆိုသူကို သူ ငေးနေမိတုန်းမှာပင် ထိုညီလေးဆိုသူက သူ့အား စေ့စေ့စိုက်ကြည့်လာသောအခါ ဟန်ဘင်း မျက်နှာလွှဲကာ သတိလက်လွှတ် ခေါင်းညိတ်လိုက်မိ၏ ။

ညီလေးဟု တရားဝင် မိတ်ဆက်လာသဖြင့် ထိုကောင်လေးနှင့် ဟန်ဘင်း အသက် ဘယ်နှနှစ်လောက်ကွာသလဲကို သူ သိချင်လှပြီ ဖြစ်သည် ။ ဟန်ဘင်း၏ ရှေ့တွင် ကျောက်ရုပ်တစ်ရုပ်လို သွေးအေးစွာ ရပ်နေသော ကောင်လေးဟာ သူ့လို အလယ်တန်းနောက်ဆုံးနှစ် ကျောင်းသားနှင့်တောင် ပုခုံးချင်းယှဉ်နိုင်သည့်တိုင် အရပ်ရှည်သည် ။

" ဂယူလေးက ၁၃ နှစ် ပြည့်ပြီးပါပြီ ။ ဟန်ဘင်းနဲ့တော့ သုံးနှစ်ကွာတာပေါ့ "

ထိုကောင်လေး၏ ဘေးတွင် ဟန်ဘင်းအတွက် မျက်နှာစိမ်းမဟုတ်သည့် အိမ်တော်ထိန်း ဂျွန် ရှိနေသည် ။ အချိန်အားဖြင့် ည ဆယ့်တစ်နာရီ ဝန်းကျင်မို့ သူတို့ အဘယ်ကြောင့် သူများအိမ်တွင် ရောက်နေရသလဲ ဆိုသည့် ရည်ရွယ်ချက်ကို နားမလည်ပါ ။

ပုံမှန်ဆိုလျှင် မနက် ကျောင်းတက်ရမည်မို့ အိပ်ရာထနောက်ကျမည်ကို အစိုးရိမ်လွန်ကဲတတ်သော မေမေ ကိုယ်တိုင်ကပါ လိုက်လိုက်လျောလျောဖြစ်နေ၍ ဟန်ဘင်းအဖို့ အရာအားလုံးက ထူးဆန်းနေပါသည် ။

ထို့အတူ ဘယ်ကနေ ရောက်လာခဲ့မှန်းမသိသော ကောင်လေးတစ်ယောက်ကို ညီလေးအဖြစ် မိတ်ဆက်ရမည်ဟုလည်း တွေးမထားခဲ့ချေ ။

" အင်း .. ငါ့ နာမည်က ဆောင်းဟန်ဘင်းပါ ။ မင်းကရော "

သူ့ထက် အငယ်ရှေ့မှာမှ အသံတုန်ချင်သလို ဖြစ်နေသည်ကို ဘဝင်မကျချင်ပါပေ ။

အရောင်ဖျော့တော့နေသော သာမန် ရှပ်အင်္ကျီတစ်ထည်နှင့် လျှော်ပါများ၍ ချည်အစအနများပင် ထွက်နေသော အားကစားဘောင်းဘီကိုသာ ရိုးရိုးရှင်းရှင်း ဝတ်ထားသည့် ကောင်လေးတစ်ယောက်ကို သူက ဘာကြောင့် ရှိန်နေရမည်နည်း ။

BE REDWhere stories live. Discover now